Connect with us

Environment, Disasters & Accidents

ရန်ကုန်-ပြည် အဝေးပြေးလမ်း၌ ယာဉ်တိုက်မှုကြောင့် လူ၇ ဦးသေဆုံး

ပဲခူးတိုင်း ရွှေတောင်မြို့ဝါးလည်ရွာ အနီး ရန်ကုန်-ပြည် အဝေးပြေးလမ်းမကြီးပေါ်၌ ယဉ်တိုက်မှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ပြည်သတင်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပဲခူးတိုင်း ရွှေတောင်မြို့ဝါးလည်ရွာ အနီး ရန်ကုန်-ပြည် အဝေးပြေးလမ်းမကြီးပေါ်၌ ယနေ့ နေ့လည် ၁နာရီကျော်က သုံးဘီးဆိုင်ကယ်နှင့် express ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ရွှေတောင်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန် အမ်း စစ်တွေ ပြေးဆွဲနေသည့် မာန်သစ္စာခရီးသည်တင်ယာဉ်နှင့် သုံးဘီးဆိုင်ကယ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်ရှိ ယာဉ်မောင်းအမျိုးသားအပါအဝင် အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၅ဦးသေဆုံးခဲ့ပြီး ခရီးသည်တင်ယာဉ်ပေါ်ရှိ ခရီးသည်များ တစ်ဦးမျှ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သတ်ပြီး ရွှေတောင်ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117