Connect with us

Environment, Disasters & Accidents

တစ်နိုင်ငံလုံး အနှံ့ အချိန်အခါ မဟုတ် မိုးရွာနိုင်

မိုးလေ ဝသ နှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်သော ဧပြီလ ၂၁ မှ ၂၃ ရက်ထိ မိုးရေချိန် လက်မ ခန့်မှန်းမြေပုံ အားတွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယနေ့မိုးလေဝသ တိုင်းထွာချက်များ အရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်နှင့် နေ့အပူချိန်များ မြင့်တက်၍ လေထု မငြိမ်သက်မှုများကြောင့် နေရာကွက်ကျားမှ နေရာကျဲကျဲ အချိန်အခါမဟုတ် မိုးအနည်းငယ် ထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဧပြီလ ၂၂ ရက်မှ ၂၅ ရက်နေ့အတွင်း နေရာ ကွက်ကျားမှ နေရာကျဲကျဲ ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ၂၃ ရက်မှ ၂၅ ရက်နေ့အတွင်း နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117