Connect with us

Politics & Security

အဘူဆေးယက်ဒ်အဖွဲ့က ကနေဒါဓားစားခံအား သတ်ဖြတ်လိုက်ခြင်း အပေါ် ဖိလစ်ပိုင်နိုင်ငံက ပြင်းထန်စွာရှုတ်ချ

အဘူဆေးယက်ဒ် သူပုန်များက ကနေဒါ ဓားစားခံ Robert Hall အား ခေါင်းဖြတ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ကနေဒါဓားစားခံ Robert Hall အား အဘူဆေးယက်ဒ် အဖွဲ့မှ ခေါင်းဖြတ် သတ်ဖြတ်လိုက်ခြင်း အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖိလစ်ပိုင် အစိုးရက ဇွန်လ ၁၄ ရက်တွင် ကြေညာခဲ့သည်။

Hall ၏ မိသားစုဝင်များ အတွက် လွန်စွာ ကြေကွဲရကြောင်းနှင့် အထူး စာနာမိကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဆက်ဆံရေးရုံး အတွင်းရေးမှူး Herminio Coloma က ဆိုသည်။ ပြန်ပေးငွေ ပေးရေးကိစ္စ ပျက်ပြယ်သွားပြီးနောက် Hall သည် နှစ်လအတွင်း ဒုတိယမြောက် အသတ်ခံရသော ကနေဒါ ဓားခံတစ်ဦး ဖြစ်လာသည်။ ၂ဝ၁၆ ခုနှစ် ဧပြီလတွင် သတ္တုတွင်း အရာရှိ John Ridsdel အား အဘူဆေးယက်ဒ် အဖွဲ့က ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်။
၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် Samal ကျွန်း ၊ Davao del Norte ပြည်နယ်ရှိ အပန်းဖြေစခန်း တစ်ခု၌ အဘူဆေးယက်ဒ် အဖွဲ့က ဓားစားခံ လေးဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့လေးဦးထဲမှ အထက်ပါ ဓားစားခံ နှစ်ဦး သတ်ဖြတ်ခြင်း ခံလိုက်ရပြီးနောက် နော်ဝေ လူမျိုး Kjartan Sekkingstad နှင့် ဖိလစ်ပိုင် အမျိုးသမီး Marites Flor တို့ နှစ်ဦးသည် ဓားစားခံများ အဖြစ် အဘူဆေးယက်ဒ် လက်ထဲတွင် ဆက်လက် ကျန်ရှိနေသည်။
“ အကြမ်းဖက် သမားတွေနဲ့လုယက် တိုက်ခိုက်မှုတွေ အဆုံးသတ်သွားအောင် ဖြေရှင်းနိုင်ဖို့ ကျနော်တို့အစိုးရကို ဖက်ပေါင်းစုံက ကူညီ ထောက်ပံ့မှုတွေ လုပ်ပေးစေချင်တယ် ” ဟု Coloma က ဆိုသည်။ အဘူဆေးယက်ဒ် သူပုန်များအား ပြန်ပေးငွေ ပေးရန် ပျက်ကွက်ခဲ့သည့် အတွက် Hall သည် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ခေါင်းဖြတ် ကွပ်မျက်ခြင်း ခံခဲ့ရသည်။ အကြမ်းဖက်သမားများသည် ဓားစားခံတစ်ဦးခြင်းစီ အတွက် ပြန်ပေးငွေ ဖိလစ်ပိုင် ပီဆို သန်း ၃ဝဝ တောင်းခံ ထားသည်။ အဘူဆေးယက်ဒ် အဖွဲ့သည် အိုင်အက်စ်အဖွဲ့ကို သစ္စာခံထားသော အကြမ်းဖက်အဖွဲ့တစ်ခု ဖြစ်သော်လည်း ကျွမ်းကျင်သူများ အဆိုအရ ၎င်းတို့သည် ဘာသာရေး ရပ်တည်မှုထက် ပြန်ပေးငွေ တောင်းခံခြင်းသာ ပို၍ အလေးထား လုပ်ကိုင် နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117