Connect with us

Politics & Security

အာဆီယံ- တရုတ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး သို့တက်ရောက်ရန် ဒုတိယဝန်ကြီး ဦးကျော်တင်ယနေ့ထွက်ခွာ

ဒုတိယဝန်ကြီးဦးကျော်တင်သည် အာဆီယံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် လေဆိပ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ နှုတ်ဆက်ပို့ဆောင် (ဓာတ်ပုံ--MOFA)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်တင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် (၁၃-၆-၂၀၁၆) ရက်နေ့မှ (၁၅-၆-၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ နှုတ်ဆက်ပို့ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံ-တရုတ်မိတ်ဖက်ဆက်ဆံရေး (၂၅)နှစ်အတွင်း ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများအား ပြန်လည်သုံးသပ်ခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ဦးစားပေးကဏ္ဍများအား ဆွေးနွေးခြင်း၊ အာဆီယံ-တရုတ်မိတ်ဖက်ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ၏ ဖိတ်ကြားချက်အရ အာဆီယံ ၁၀နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး (သို့) ကိုယ်စားလှယ်များသည် ဇွန်လ ၁၄ ရက် တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ကျင်းပသည့် အထူး အစည်းအဝေးပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများမှာ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.