Connect with us

Local

သီလဝါအစုရှယ်ယာ ကျပ်နှစ်သောင်း ဝန်းကျင်ထိ ဈေးမြင့်

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်သော သီလ၀ါစက်မှုဇုန် စီမံကိန်းဧရိယာအတွင်း လုပ်ငန်း ဆောင်ရွက်နေပုံ (ဆင်ဟွာ)

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်သော သီလ၀ါစက်မှုဇုန် စီမံကိန်းဧရိယာအတွင်း လုပ်ငန်း ဆောင်ရွက်နေပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရောင်းချသော သီလဝါအစုရှယ်ယာ တစ်စုလျှင် ကျပ်နှစ်သောင်းဝန်းကျင်ထိ ဈေးမြင့်သွားကြောင်း သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်း ဝယ်ခြင်း ကောင်တာမှ စုံစမ်း သိရှိရသည်။

အဆိုပါသီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း ကောင်တာသည် ရှယ်ယာများကို ထပ်မံရောင်းချခြင်းမဟုတ်ဘဲ အစု ရှယ်ယာ ရောင်းချစဉ်က ဝယ်ယူူထားသူများက ပြန်လည်ရောင်းချမည့် ရှယ်ယာများကိုသာ အရောင်းအဝယ် ပြုလုပ်ပေးခြင်းကြောင့် ဈေးနှုန်း မြင့်တက်မှုများ ရှိကြောင်း ယင်းကောင်တာထံမှ စုံစမ်းသိရှိရသည်။

မြန်မာ-သီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာအရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ၂ဝ၁၄ ခုနှစ် မတ်လအတွင်း ကျပ်တစ်သောင်းဖြင့် ဘဏ်များမှတစ်ဆင့် ရောင်းချခဲ့သည်။

အစုရှယ်ယာများအား ဝယ်၊ရောင်း ပြုလုပ်လိုသူများ အနေဖြင့် သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုဌာနတွင် စာရင်းပေးသွင်းရန် လိုအပ်ပြီး မိမိရောင်းလို၊ ဝယ်လိုသည့် ပမာဏကိုအဆိုပြုရကာ အဆိုပါကောင်တာမှ ရောင်းသူ၊ ဝယ်သူကြားကို ချိတ်ဆက်ပေးကြောင်း သိရသည်။

သီလဝါ အစုရှယ်ယာများကို စတင် ရောင်းချကတည်းက ရှယ်ယာရောင်းချရန် လျာထားသည့် အရေအတွက်ထက် ဝယ်ယူရန် အဆိုပြုသူအရေအတွက်မှာ နှစ်ဆကျော် များပြားခဲ့သောကြောင့် လျာထားချက်ထက် ပိုလျှံနေသည့် အစုပေါင်း ၁ ဒသမ ၈ သန်းကို ဘဏ်များ မှတစ်ဆင့် ပြန်အမ်းခဲ့သည်။

သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်း၌ စတင် စီးပွားဖြစ် လည်ပတ်နိုင် မည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117