Connect with us

Environment, Disasters & Accidents

အင်အားရစ်ချ်တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်

မြန်မာနိုင်ငံ အတွင်း သြဂုတ်လ ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်သွားခဲ့သော မြေငလျင် ဗဟိုချက်ပြ မြေပုံကိုတွေ့ရစဉ်(ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ယနေ့ ညနေ ၅း၀၄း၅၄ နာရီ တွင် ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

မိုးလေဝသနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ရီရီငြိမ်းက “ အခုလှုပ်ခတ်သွားတဲ့ ငလျင်က ပြည်တွင်းမှာတင် ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့အင်အားပြင်း ငလျင်ကြီးဖြစ်တယ်။ ဒါကြောင့်သတင်းတွေ အဆက်မပြတ်ထုတ်ပြန်နိုင်ဖို့ ငလျင်ဌာနအနေနဲ့လည်း တိုင်းထွာမှုတွေ လုပ်နေပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။
အဆိုပါ ငလျင် လှုပ်ခတ်မှုအား ရန်ကုန်၊ နေပြည်တော်၊ ပြည်၊ မကွေး၊ တောင်ကြီး၊ မန္တလေး၊ မင်းဘူး၊ လွိုင်ကော်၊ တောင်ငူ၊ ဝမ်းတွင်း၊ စစ်တွေ၊ ပုသိမ်၊ နတ်တလင်း၊ အောင်ပန်း၊ စလင်း၊ မိတ္ထီလာ၊ ရေနံချောင်း၊ မင်းဘူး၊ လေးမျက်နှာ၊ ပြင်ဦးလွင်၊ ပေါက်၊ ချောက်၊ ဖျာပုံ၊ ဘိုကလေး၊ တံတားဦး၊ နွားထိုးကြီး၊ သံတွဲ၊ မြင်းခြံ၊ ရမည်းသင်း၊ အောင်လံ၊ ကျောက်ဖြူ၊ ရွှေဘို၊ စစ်ကိုင်း၊ ပခုက္ကူ၊ ကျောက်တံခါး၊ ကျောက်ပန်းတာင်း၊ မြိုင်၊ မအူပင်၊ သာစည်၊ ကျောက်ဆည်၊ မြင်းမူ၊ ကျိုက်လတ်၊ ပခုက္ကူ၊ သီပေါ၊ မင်းပြား၊ ပင်းတယလဲ စသည့်မြို့များတွင် ခံစားရကြောင်း သိရသည်။ အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှု တချို့ရှိခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော သုံးလေးနှစ်ကလည်း သပိတ်ကျင်းနှင့် တာလေ ဒေသများတွင် အင်အားပြင်းထန်သော ငလျင်များ လှုပ်ခတ်ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117