Connect with us

Africa & Middle East

လစ်ဗျားတွင် နယ်သာလန်လူမျိုး ဓါတ်ပုံသတင်းထောက်တစ်ဦး ပစ်သတ်ခံရ

နယ်သာလန်နိုင်ငံသား ပရော်ဖက်ရှင်နယ် ဓါတ်ပုံသတင်းထောက် Jeroen Oerlemans အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လစ်ဗျား၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ Sirteမြို့တွင် IS စစ်သွေးကြွအဖွဲ့မှ လက်ဖြောင့်သေနတ်သမားတစ်ဦး၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် နယ်သာလန်နိုင်ငံသား ပရော်ဖက်ရှင်နယ် ဓါတ်ပုံသတင်းထောက် သေဆုံးခဲ့ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အောက်တိုဘာ ၂ရက် ညတွင် အတည်ပြုခဲ့သည်။

အသက်၄၅နှစ်အရွယ် Jeroen Oerlemans အမည်ရှိ ဓါတ်ပုံသတင်းထောက်သည် ကျည်ကာအင်္ကျီအား ဝတ်ဆင်ထားသော်လည်း ကျည်ဆန်ထိပ်ဖူးသည် ကျည်ကာအင်္ကျီကို ဖောက်၍ ၎င်း၏နှလုံးအားထိမှန်ခဲ့ကြောင်း ဒတ်ချ်မီဒီယာကဖော်ပြခဲ့သည်။
လစ်ဗျားနိုင်ငံ Sirteကမ်းရိုးတန်းမြို့ ရှိ လစ်ဗျားအစိုးရအား သစ္စာခံထားသော တပ်ဖွဲ့များ နှင့် IS စစ်သွေးကြွအုပ်စုဝင်များသည် လပေါင်းများစွာ တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Bert Koenders က Oerlemansသည် အခြားသူများ မသွားရောက်သည့် နေရာသို့ ရှေ့ဆက်၍ သွားရောက်ခဲ့သည့် သတင်းထောက်တစ်ယောက်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
၎င်းက Oerlemans၏ လုပ်ဖော်ကိုင်ဖက်၊ သားသမီးများ နှင့် မိသားစုအား ယင်းဆုံးရှုံးမှုကြီးကြောင့် ယိုင်လဲမသွားဘဲ ခွန်အားများဖြင့်ရှေ့ဆက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117