Connect with us

Politics, Law & Military

အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် မစွက်ဖက်ကြရန် လွှတ်တော်ဥက္ကဌ မှာကြား

ပြည်သူ့လွှတ်တော်အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အုပ်ချုပ်ရေးကဏ္ဍ နှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် မစွက်ဖက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေး ပြီးဆုံးသည့် ယနေ့အစည်းအဝေးတွင် မှာကြားခဲ့သည်။

“မိမိတို့ဥပဒေ ပြုရေး မဏ္ဍိုင် အနေနဲ့ Check and balance ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက် ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေးကဏ္ဍတွေ တရားစီရင်ရေး ကဏ္ဍတွေမှာ ဝင်ရောက် စွက်ဖက်ခြင်းတွေ မဖြစ်ရအောင် သတိပြု ဆောင်ရွက်ကြဖို့မှာကြားလိုပါတယ်၊ ဥပဒေ ပြုသူသည် ဥပဒေ ချိုးဖောက်သူ မဖြစ်စေရ ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ တည်ဆဲ ဥပဒေများကို အထူး လေးစား လိုက်နာကြဖို့လိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာ သုံးရပ်ကို ခွဲဝေ ပိုင်းခြား ကျင့်သုံးခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကျင့်သုံးခြင်းဖြင့် အာဏာ အလွဲသုံးစား လုပ်ခြင်းကို ကာကွယ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း သူက ပြောခဲ့သည်။ထို့အပြင် ၎င်းက “ပြည်သူ့အသံနဲ့ပြည်သူတွေရဲ့ တင်ပြချက်တွေကို အလေးအနက် မှတ်သား နားထောင်ပါ၊ ပြည်သူနဲ့ တစ်သားတည်း နေထိုင် ဆောင်ရွက်ကြပါ၊ လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ကြပါ၊ ထောက်ပံ့ငွေသိန်း တစ်ထောင်ဖြင့် မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြပါ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည် စိစစ်ရာတွင် ပြည်သူများ မနစ်နာစေရေးအတွက် ပါဝင် ပူးပေါင်း ဆောင်ရွက်ကြပါ” ဟု လည်း ဖြည့်စွက် မှာကြားခဲ့သည်။

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး တို့သည်လည်း ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နည်းတူ ယနေ့ကျင်းပသည့် ဒုတိယ ပုံမှန် အစည်းအဝေးများ အပြီးတွင် ရပ်နားခဲ့ကြသည်။ ဒုတိယ အကြိမ် လွှတ်တော် ၊ လွှတ်တော် သုံးရပ်၏ တတိယ ပုံမှန် အစည်းအဝေးများကို နိုဝင်ဘာ ဒုတိယပတ် အကုန်တွင် ပြန်လည် စတင်မည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117