Connect with us

Europe

အင်္ဂလန် တောင်ပိုင်းတွင် ကိုယ်ပိုင် ဂျက်လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ လေးဦးသေဆုံး

လန်ဒန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ကိုယ်ပိုင် ဂျက်လေယာဉ် တစ်စီး သည် အင်္ဂလန် တောင်ပိုင်း Hampshire ပြည်နယ်၊ ဘလက်ဘူရှီ လေဆိပ်ရှိ ကားလေလံ ဌာနတစ်ခု အတွင်းသို့ သောကြာနေ့က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူလေးဦး စလုံး သေဆုံးခဲ့ကြောင်း ပြည်တွင်း ရဲအရာရှိများက အတည်ပြု ပြောကြားခဲ့ပါသည်။

လူလေးဦးပါသော Phenom 300 ဂျက်လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၃း၀၉ နာရီ ဝန်းကျင်တွင် မြေပြင်ပေါ် ဆင်းသက်ရန် ကြိုးစားနေစဉ် လေဆိပ် ပြေးလမ်းကြောင်း အဆုံးမှာ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဘလက်ဘူရှီ လေဆိပ် ပြောရေးဆိုခွင့် ရှိသူက ပြောပါသည်။“ လေယာဉ်မှူး အပါအဝင် လေယာဉ်ပေါ်ပါ လေးဦး သေဆုံးခဲ့ပြီး လွတ်မြောက်ခဲ့သူ တစ်ဦးမှ မရှိခဲ့ ပါဘူး မြေပြင် ပေါ်ကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး” ဟု Hamsphire ပြည်နယ်ရဲ ကသတင်းထုတ်ပြန်ချက်တွင် ပြောပါသည်။

ဒေသဆိုင်ရာ ရဲတွေအနေဖြင့် လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗဟို (Air Accidents Investigation Branch = AAIB) နှင့်တွဲပြီး လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေ များအား စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

ဖရန့်ဘရော့ချ် အခြေစိုက် လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗဟို ကလည်း အဆိုပါ လေယာဉ် မတော်တဆမှု အတွက် စုံစမ်းစစ်ဆေးရန် အဖွဲ့စေလွှတ်ထားပြီး ကြောင်း ကြေညာထားပါသည်။လူမှု မီဒီယာများတွင် ပျံ့နှံ့နေသော လေကြောင်း မှတ်တမ်းရုပ်ရှင် နှင့် ဓာတ်ပုံများမှာတော့ လေယာဉ် ပျက်ကျပြီး မြေပြင်ရှိ ကားအမြောက်အမြား ပျက်စီး သွားခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း မြင်တွေ့ရပါသည်။

အဆိုပါ ဂျက်လေယာဉ်သည် ဆော်ဒီအာရေဗျ နိုင်ငံ၌ မှတ်ပုံတင်ထားသော ကိုယ်ပိုင်လေယာဉ် ဖြစ်နိုင်ကြောင်း သတင်း များတွင် ဖော်ပြသည်။ဆော်ဒီ ပြည်သူ့ လေကြောင်း အာဏာပိုင်က ယင်း၏ တွစ်တာ စာမျက်နှာပေါ်မှာ လေကြောင်း စုံစမ်းစစ်ဆေးရေး ဗျူရို အနေဖြင့် မတော်တဆမှုအတွက် ဝမ်းနည်း ကြေကွဲရကြောင်း ရေးသားထားပါသည်။

ဗျူရိုကလည်း စုံစမ်း ဖော်ထုတ်ရေး အတွက် ဗြိတိန် လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗဟို နှင့် ပူးပေါင်း ဆောင်ရွက်ရန် တာဝန် ပေးထားပါသည်။ဘလက်ဘူရှီ လေဆိပ်သည် အထွေထွေသုံး လေဆိပ်ဖြစ်ပြီး Hamsphire အရှေ့မြောက်ဘက်တွင် တည်ရှိပါသည်။ ထိုနေရာတွင် ဗြိတိသျှ ကားလေလံ ဌာနက ပိုင်ဆိုင်သော ကားလေလံ ဌာန နှင့် လေယာဉ်ကွင်း တစ်ခုလည်း ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117