Connect with us

Science & Technology

တရုတ်နိုင်ငံက ကျေးလက်ဒေသ မီသိန်းဓာတ်အားပေးစီမံကိန်းအတွက် ယွမ်ငွေ ၅ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

တရုတ်နိုင်ငံ၌ လျှပ်စစ်ဓာတ်အားပေးလိုင်းများအား ပြုပြင်နေသည်ကို တွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ သန့်စင်သော စွမ်းအင်အသုံးပြုရေးကို အားပေးမြှင့်တင်ရန် ကျေးလက်ဒေသများတွင် မီသိန်းဓာတ်အားပေးစီမံကိန်းများ(methane projects) အတွက် ယွမ်ငွေ ဘီလီယံ ၅ဝ ( အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံကျော်)ကို အစိုးရက ရင်းနှီးမြှုပ်နံှမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၃ ကြိမ်မြောက် တရုတ်နိုင်ငံ၏ ငါးနှစ်စီမံကိန်း ( ၂ဝ၁၆ ခုနှစ် မှ ၂ဝ၂ဝ ပြည့်နှစ်အထိ) အတွင်း တရုတ်နိုင်ငံသည် ဇီဝဓာတ်ငွေ့စီမံကိန်းသစ် ၁၇၂ ခု နှင့် ထုထည်ကြီးမားသော မီသိန်းဓာတ်အားပေးစီမံကိန်း ၃၁၅ဝ ခု တို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံ့ထိပ်တန်းစီးပွားရေး အစီအစဉ်ရေးဆွဲသူ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသည် ကျောက်မီးသွေးဓာတ်အားအသုံးပြုမှု တန်ချိန်ပေါင်း ၃.၄၉ သန်းနှင့် ညီမျှသော မီသိန်းဓာတ်အား ၄.၉ ကုဗမီတာကို တိုးမြှင့်ထုတ်လုပ်ပြီး သန့်စင်သော စွမ်းအင် ရရှိရေး နှင့် ကာဗွန်ထုတ်လွှတ်မှု ၁၇.၆၂ သန်းကို ဖြတ်တောက်နိုင်ရန် ရည်မှန်းထားသည်။ အဆိုပါ စီမံကိန်းသည် တရုတ်ကျေးလက်ပြည်သူ သန်းပေါင်း ၂၃ဝ ကို အကျိုးပြုနိုင်လိမ့်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများတွင် စက်မှု-ထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားအသုံးပြုမှုသည် လျင်မြန်စွာကြီးထွားလာနေသည်။ ထို့ပြင် တရုတ်ကျေးလက်ဒေသ စီးပွားရေးလုပ်ငန်းများတွင် နှစ်စဉ် ဇီဝစွန့်ပစ် ပစ္စည်းများသည် တန်ချိန်ပေါင်း ဘီလီယံများစွာ ရှိနေရာ ၎င်းတို့အား စွမ်းအင်အဖြစ် ဖန်တီး အသုံးပြုနိုင်စွမ်း ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ကျေးလက်ဒေသများတွင် မီသိန်းဓာတ်အား ထုတ်လုပ်နိုင်သည့် စွန့်ပစ်ပစ္စည်းများသည် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁.၄ ဘီလီယံ ရှိကြောင်း တာဝန်ရှိသူများ၏ ခန့်မှန်းချက်အရ သိရသည်။၎င်းပမာဏသည် ဇီဝဓာတ်ငွေ့ ၇၃.၆ ဘီလီယံ ကုဗမီတာ ထုတ်လုပ်နိုင်စွမ်းရှိပြီး ကျောက်မီးသွေးအသုံးပြုမှုကို တန်ချိန်ပေါင်း ၈၇.၆ သန်းထိ အစားထိုး နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117