Connect with us

Politics, Law & Military

တရုတ် နှင့် အမေရိကန် ဥပဒေပြု လွှတ်တော်အချင်းချင်း ပူးပေါင်း ဖလှယ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟုဆို

အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ဖူယင်း (လယ်) အား ပြည်သူ့ ခန်းမကြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုလွှတ်တော် ဖြစ်သော အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Gongress) က ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ကွန်ဂရက်နှင့် ဆက်သွယ်မှု၊ နားလည်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NPC နှစ်ပတ်လည် အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူက ယနေ့ (မတ်လ ၄ ရက်) တွင် ပြောကြားလိုက်သည်။

“NPC နှင့် အမေရိကန် ကွန်ဂရက်အကြား ဖလှယ်စရာတွေ အများကြီး ရှိပါတယ်” ဟု NPC နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ရန် တစ်ရက်အလိုတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဖူယင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။“ကုန်သွယ်မှုပမာဏ တိုးချဲ့ လုပ်ဆောင်တာကတစ်ဆင့် ကုန်သွယ်ရေး လိုငွေပြမှုတွေကို ဖြေရှင်းသင့်တယ်” ဟု အမေရိကန် ဥပဒေပြုအမတ်တွေနဲ့ ယင်း ကိစ္စများ ဆက်စပ်မှု ရှိခြင်းအပေါ် မှတ်ချက်ပြုရင်း ဖူယင်းက ပြောသည်။ထို့ပြင် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ထိန်းသိမ်းလိုက်နာခြင်းက တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်မှု၏ အရေးကြီးသည့် အခြေခံအချက် ဖြစ်ကြောင်း ဖူက အလေးထား ပြောကြားခဲ့သည်။

NPC ၏ ပြည်ပရေးရာ ဖလှယ်မှုများ လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံ သံခင်းတမန်ခင်း တာဝန် ထမ်းဆောင်ခြင်း ဖြစ်သလို နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက်များ အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ကြောင်း၊ ထိုသို့ ဖလှယ်ခြင်းများဖြင့် ပြည်ပ ဥပဒေပြုအမတ်များက တရုတ်နိုင်ငံအပေါ် နားလည်ရန် အထောက်အကူ ပြုရာရောက်ကြောင်း ဖူက ဆိုသည်။တရုတ်နိုင်ငံ၏ ဖွံ့ြဖိုးတိုးတက်မှု လမ်းကြောင်း အောင်မြင်မှုနှင့် ကြွယ်ဝချမ်းသာမှုသည် ကွန်မြူနစ်ပါတီ ဦးဆောင်မှုနှင့် ပြည်သူ့ ကွန်ဂရက် စနစ်ကြောင့် ဖြစ်ကြောင်း ဖူက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117