Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်း စာရင်းအတိုင်း ရွေးကောက်ပွဲ ဝင်မည်ဟု သတင်း ထုတ်ပြန်

နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးချယ်ထားပြီး ဖြစ်သော ကိုယ်စားလှယ်လောင်းများအား မပြင်ဆင်၊ မပြောင်းလဲဘဲ ရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် ကော်မတီမှ ယနေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် ဗဟို အလုပ်အမှုဆောင် ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ ပါတီမှ သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ ကြေညာချက် ထုတ်ပြန်ပြီးသည့်နောက် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ကြောင်း၊ ပါတီ အနေဖြင့် ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက် နှင့် မူဝါဒများအား ပြောင်းလဲမှု ရှိမည် မဟုတ်ကြောင်း ယနေ့ သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

ပါတီတွင်း စည်းလုံး ညီညွတ်ရေး၊ အခြားနိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လူမျိုးစုများ၊ ပြည်သူများ နှင့် နိုင်ငံ့ အကျိုး၊ ပြည်သူ့ အကျိုးကို ပိုမို ပူးပေါင်းရန် ပြင်ဆင် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ ပါတီသည် ပြည်သူ့ အကျိုးအတွက် အစဉ်ဆောင်ရွက် ဟူသော ဆောင်ပုဒ်နှင့် အညီ ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် ကော်မတီ၏ ယနေ့ သတင်း ထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117