Connect with us

Africa & Middle East

အီရတ် နိုင်ငံ မြောက်ပိုင်းဒေသရှိ လူနေရပ်ကွက် တစ်ခု အား အကြမ်းဖက် သမားများ တိုက်ခိုက် ခဲ့သဖြင့် ၃၂ ဦးသေဆုံး

၂၀၁၅ ခုနှစ် သြဂုတ်လပိုင်း က အီရတ် နိုင်ငံ တွင်ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ မြောက်ပိုင်းရှိ Saladin ပြည်နယ် Tikrit မြို့ အား ဧပြီလ ၄ ရက်နေ့ ညပိုင်း အချိန်တွင် လက်နက်ကိုင် အဖွဲ့ ၏ တိုက်ခိုက်မှု ခံခဲ့ရပြီး လက်ရှိချိန်တွင် ၃၂ ဦးသေဆုံးကာ ၂၈ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း အီရတ် နိုင်ငံ ရဲတပ်ဖွဲ့ က ဧပြီလ ၅ ရက်နေ့ တွင် ပြောကြား ခဲ့သည်။

Tikrit မြို့ရှိ ရဲဘက်ဆိုင်ရာ သတင်းအချက်အလက်ပေးသူ တစ်ဦးမှ ဆင်ဟွာ သတင်းဌာန သို့ပြောကြားခဲ့ရာတွင် အစိုးရ တပ်ဖွဲ့ဝတ်စုံ ကို ဝတ်ဆင်ထားသည့် IS အကြမ်းဖက် သမား ၇ ဦးခန့်သည် ဦးစွာ Tikrit မြို့၏ တောင်ပိုင်း ဒေသ ကို စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိုနောက်တွင် လူနေရပ်ကွက် အတွင်းရှိ အဆောက်အဦ အတွင်းမှာ အရပ်သားများကို ဦးတည်ကာ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ၊ သေဆုံးသူ အများစုမှာ အရပ်ဘက် သာမန်ပြည်သူလူထု များဖြစ်ခဲ့ကြပြီး သေဆုံးဒဏ်ရာရရှိသူ စာရင်းမှာ တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း ပြောကြား ခဲ့သည်။

အီရတ် နိုင်ငံ ကာကွယ်ရေး တပ်ဖွဲ့ မှ အခင်းဖြစ်ပွားရာ နေရာကို ချက်ချင်း ရှာဖွေစစ်ဆေးမှုလုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး အကြမ်းဖက် သမား ၂ ဦးကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ၊ အကြမ်းဖက်သမား တစ်ဦး မှာ မိမိ ကိုယ်တွင် ဝတ်ဆင်ထားသည့် ပေါက်ကွဲစေသော ဗုံးများကို အသေခံ ဖေါက်ခွဲခဲ့ကြောင်း ၊ လက်ရှိချိန်တွင် မြို့ အတွင်းရှိ လမ်းများကို ပိတ်ပင်ထားပြီး ရှာဖွေဖမ်းဆီးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း ကိုလည်း ပြောကြားခဲ့သည်။

Tikrit မြို့သည် အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် ၏ မြောက်ပိုင်း ကီလိုမီတာ ၁၇၀ အကွာအဝေး တွင်ရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လပိုင်းတွင် IS အကြမ်းဖက် တပ်ဖွဲ့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။၂၀၁၅ ခုနှစ် မတ်လပိုင်းတွင် အီရတ် အစိုးရ တပ်ဖွဲ့ မှ Tikrit မြို့ ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော်လည်း IS အကြမ်းဖက်တပ်ဖွဲ့ဝင် အချို့မှာ ထိုဒေသ တွင် ဆက်လက် လှုပ်ရှားနေခဲ့ကြသည်။ လက်ရှိချိန်တွင် Tikrit မြို့ အပါအဝင် Saladin ပြည်နယ် တစ်ခုလုံး၏ လုံခြုံရေး အခြေအနေ သည် လွန်စွာ စိုးရိမ်ဖွယ်ရာ ဖြစ်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117