Connect with us

Politics, Law & Military

ထိုင်ဝမ်အရေးတွင် အမေရိကန်၏မှားယွင်းမှု ၃ ရပ်အား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

ဒါကာ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

နောက်ဆုံးအခြေအနေနှင့်အမေရိကန်၏အကြောင်းမဲ့ငြင်းဆိုမှုများအပေါ် မူတည်၍ နန်စီပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ အလည်အပတ်ခရီးစဉ်တွင် အမေရိကန်ဘက်က မှားယွင်းမှု ၃ ရပ် ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း ထောက်ပြပြောကြားခဲ့သည်။ပထမအနေဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမေရိကန်သည် တရုတ်နိုင်ငံ၏ ကြိမ်ဖန်များစွာ ဖျောင်းဖျ သတိပေးချက်ကို လျစ်လျူရှု၍ ခေါင်းမာစွာဖြင့် အမေရိကန်အစိုးရ၏ တတိယအဆင့်ရှိသော လူပုဂ္ဂိုလ်ကို တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ “အလည်အပတ်ခရီးစဉ်” ဟု ဆိုကာ စီစဉ်ခြင်း ဖြစ်ကြောင်း၊ သိရှိရမည်မှာ ထိုင်ဝမ်သည် အမေရိကန်၏ တစ်စိတ်တစ်ပိုင်းမဟုတ်ဘဲ တရုတ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းဖြစ်ရာ အမေရိကန်ကိုယ်တိုင် လူသိရှင်ကြား ကတိကဝတ်ပြုထားခြင်းလည်း ဖြစ်ကြောင်း ၊ အမေရိကန်၏ လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးဝါးစွာ ထိပါးကျူးကျော်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး” အင်အားစုကို အားပေးထောက်ခံခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မည်သည့်နိုင်ငံမဆို နိုင်ငံတစ်ပေါင်းတစ်စည်းတည်း ဖြစ်တည်မှုကို ကာကွယ်ထိန်းသိမ်းမည်ဖြစ်ပြီး ခွဲထွက်ရေးအင်အားစုများ၏ စိတ်လိုရာလုပ်ဆောင်နေမှုကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထိုင်ဝမ်ဒေသ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီသည် သီးခြားရပ်တည်ရေးကို ပါတီပလက်ဖောင်းတွင် ထည့်သွင်းထားရာ ယခုနှစ်များတွင် နည်းလမ်းပေါင်းစုံဖြင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး”ကို တစ်ဆင့်တိုး၍ “တရုတ် နှစ်နိုင်ငံ” နှင့်”တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံ” ကို ဖန်တီးလျက်ရှိကြောင်း ၊ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ၎င်းအတွက် လူသိရှင်ကြား အားပေးထောက်ခံခြင်း၊ ခွဲထွက်ရေးအင်အားစုများနှင့်အုပ်စုဖွဲ့ခြင်း စသည်တို့သည် တရုတ်ပြည်သူများနှင့်ရန်ဘက်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

တတိယအနေဖြင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏လုပ်ထုံးလုပ်နည်းမှာ ပြဿနာတစ်ရပ်ကို ဖန်တီး၍ ယင်းပြဿနာရပ်ကို မိမိ၏မဟာဗျူဟာအဖြစ် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ၊ အမေရိကန်သည် နန်စီပီလိုစီ၏ ခရီးစဉ်မှ ဆင့်ပွားဆက်လက်ဆောင်ရွက်ပြီး အခွင့်အရေးယူ၍ ဒေသစစ်ရေးဖြန့်ကျက်မှုများကို တိုးချဲ့ရန် လက္ခဏာများတွင် ဖော်ပြနေကြောင်း ၊ ၎င်းကို ဘက်ပေါင်းစုံက အထူးသတိထားကာ ခိုင်မာစွာ ဆန့်ကျင်သင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်နှင့် ဆောင်ရွက်ချက်သည် မှန်ကန်မျှတမှု၊ ကျိုးကြောင်းဆီလျော်မှု ၊ ဥပဒေနှင့်ကိုက်ညီမှု၊ လိုအပ်မှု၊ ပွင့်လင်းမှု၊ သင့်တင့်မှု ရှိရာ တရုတ်နိုင်ငံ၏ မြင့်မြတ်သော အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည်စုံမှုကို ကာကွယ်ထိန်းသိမ်းရန် ၊ “ထိုင်ဝမ်နှင့်တရုတ်ကို ထိန်းချုပ်” သည့် အမေရိကန်၏ ရည်ရွက်ချက်ကို တားဆီးရန်၊ ထိုင်ဝမ်အာဏာပိုင်များ၏ “အမေရိကန် အားကိုး ထိုင်ဝမ်သီးခြားရပ်တည်ရေး” အိပ်မက်ကို ချေဖျက်ရန်၊ စစ်မှန်သော ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊ ဒေသ တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူမှာ နိုင်ငံအချင်းချင်းဆက်ဆံရေး၏ “ရွှေစည်းကမ်း” ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိ၏အချုပ်အခြာအာဏာလုံခြုံရေးကို ကာကွယ်သည့် “မှော်လက်နက်” လည်း ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် နိုင်ငံအသီးသီးက တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို နားလည်ထောက်ခံသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ တစ်ဖက်သတ်ဗိုလ်ကျစိုးမိုးမှုများ မကြာခဏဖြစ်ပွားနေသည့် ယနေ့ခေတ်အချိန်တွင် နိုင်ငံတကာအသိုင်းအဝန်းက တိကျရှင်းလင်းသည့် သဘောတူညီမှု ပိုပြီး ရှိသင့်သလို ပို၍အားကောင်းသောအသံပြုသင့်ကာ နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစည်းမျည်းစည်းကမ်းများနှင့် နိုင်ငံတကာဥပဒေကို အတူကာကွယ်စောင့်ရှောက်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင်အကျိုးစီးပွားကို အတူတကွ ကာကွယ်စောင့်ရှောက်သင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117