Connect with us

Politics, Law & Military

တူဗားလူနိုင်ငံ မှ သင်္ဘောတစ်စင်းအား ပင်လယ်ဓါးပြတို့ လက်မှ တရုတ်ရေတပ် ကယ်ဆယ်

တရုတ်နိုင်ငံ ရေတပ် ၏ အမှတ် ၂၅ စစ်သင်္ဘောအုပ်စု အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ရေတပ် မှ စေလွှတ်လိုက်သည့် စစ်သင်္ဘောအုပ်စု သည် အေဒင်ပင်လယ်ကွေ့တွင် ဧပြီ ၉ ရက်က ပင်လယ်ဓါးပြတို့၏ ပြန်ပေးဆွဲခံထားရသော တူဗားလူနိုင်ငံမှ သင်္ဘောတစ်စင်းအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

PLA ရေတပ် ၏ အမှတ် ၂၅ စစ်သင်္ဘောအုပ်စု သည် OS35 အမည်ရှိ သင်္ဘောတစ်စီး ပြန်ပေးဆွဲခံရကြောင်း ဧပြီ၈ ရက် ညနေ ၅နာရီက သတင်းပေးချက်ရရှိပြီးနောက် ဆိုမာလီနိုင်ငံ ကမ်းရိုးတန်းအလွန် အေဒင်ပင်လယ်ကွေ့ တွင် ကယ်ဆယ်ရေးစစ်ဆင်မှုတစ်ခုအား လုပ်ဆောင်ခဲ့ပြီး စစ်သင်္ဘောအုပ်စု မှ ယုလင်းအမည်ရှိ စစ်သင်္ဘောသည် ယင်းဧရိယာ၌ ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ချက်ချင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

စုံစမ်းထောက်လှမ်းမှုအချို့ပြုလုပ်ခြင်း နှင့် ပြန်ပေးဆွဲခံထားရသည့် သင်္ဘောမှ သင်္ဘောသားများ နှင့် အဆက်အသွယ်ရရှိပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဧပြီ ၉ ရက် နံနက်အစောပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတပ်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၆ဦးပါဝင်သော အုပ်စု သည် OS35 သင်္ဘောအား စီးနင်းကာ သင်္ဘောသား ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ သင်္ဘောသား ၁၉ဦးစလုံးသည် တရုတ်ရေတပ်၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး တပ်ဖွဲ့ဝင်များက ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား ရှင်းလင်းရန် သင်္ဘောတစ်လျှောက် ရှာဖွေမှုများပြုလုပ်နေကြောင်းပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117