Connect with us

Media

အရှည် ၄၀၅ ကီလိုမီတာရှိ ရထားလမ်းအမြန်အဆင့်မြှင့်တင်ခြင်းအတွက် လုပ်သား ၁၂,၀၀၀ ဖြင့် အချိန် ၁၁ နာရီအတွင်း အပြီးဆောင်ရွက်

လျောင်နင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် အဓိက အရေးပါသည့် ရထားလမ်းပိုင်းတစ်ခုအား လုပ်သားအင်အား ၁၂,၀၀၀ ဖြင့် အချိန် ၁၁ နာရီအတွင်း ဆက်တိုက် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။

ချင်းဟွမ်တောင်-စိန်ရန် ရထားလမ်းသည် ပေကျင်း-ဟာအယ်ပင်း ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၄၀၅ ကီလိုမီတာ အရှည် ရှိကာ တရုတ်နိုင်ငံ မြောက်ဘက်မှ အရှေ့မြောက်ဘက်သို့ ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့အဆင့်မြှင့်တင်မွမ်းမံခြင်းဖြင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၌ ဆက်သွယ်သွားလာရေးစွမ်းရည်အားမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

————————
(English Version)
GLOBALink | 12,000 workers upgrade 405km-long railway in 11 hours
The upgrading works of a major railway line, undertaken by over 12,000 workers, were completed on Thursday after 11 hours of continuous operation in northeast China’s Liaoning Province.

The Qinhuangdao-Shenyang Railway, a section of the Beijing-Harbin railway line, is 405 kilometers long and seen as an artery connecting north and northeast China.

The renovation is expected to boost transportation capacities in northeast China.

Produced by Xinhua Global Service