Connect with us

Media

တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံက တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပူးတွဲထိန်းသိမ်းသွားမည်ဟု သမ္မတ ရှီပြော

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့သည် တောင်တရုတ်ပင်လယ်တွင် ပူးတွဲရေကြောင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးတွဲထိန်းသိမ်းရေးတွင် အပြုသဘောတိုးတက်မှု ဆောင်ရွက်ရန် ပူးတွဲကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဘရူနိုင်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခြင်း ၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘရူနိုင်းနိုင်ငံနှင့်အတူ အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုအသစ် တွန်းအားပေးရန်နှင့် နှစ်နိုင်ငံ ပြည်သူများထံ အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန် ဆန္ဒရှိကြောင်း ရှီက ပြောခဲ့သည်။
တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့သည် ပူးတွဲ ပင်လယ်ရေကြောင်းဖွံ့ဖြိုးမှုတွင် အပြုသဘောဆောင်သည့် တိုးတက်မှု အဆင့်မြှင့်တင်ရန် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလည်း ပူးတွဲထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားကြောင်း၊ ဘရူနိုင်း အပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု မှန်ကန်သောလမ်းကြောင်းကို ထိန်းထားရန် အသင့်ရှိကြောင်း သမ္မတ ရှီက ပြောခဲ့သည်။

ဘရူနိုင်းနိုင်ငံ ဘုရင် Hassanal ကလည်း ဘရူနိုင်းအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ထပ်မံအားကောင်းရေးအတွက် အသင့်ရှိကြောင်း၊ တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက် ဆောလျင်စွာဆောင်ရွက်နိုင်ရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မြှင့်တင်ရန် ပူးတွဲကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် တောင်တရုတ်ပင်လယ်ကို ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးပင်လယ်အဖြစ် တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi says China, Brunei should jointly safeguard peace, stability in South China Sea
SAN FRANCISCO, Nov. 17 (Xinhua) — China and Brunei should make joint efforts to make positive progress in joint maritime development and jointly safeguard peace and stability in the South China Sea, said Chinese President Xi Jinping here Thursday.
Noting that this year marks the 5th anniversary of the establishment of China-Brunei strategic cooperative partnership, Xi said China is willing to work with Brunei for high-quality Belt and Road cooperation, push for new development of bilateral relations and bring more benefits to the two peoples.
China and Brunei should make joint efforts to advance positive progress in joint maritime development and jointly safeguard peace and stability in the South China Sea, Xi said.
Noting that China attaches great importance to East Asia cooperation, Xi said China stands ready to work with Brunei and other ASEAN countries to advance regional economic integration and maintain the right direction of East Asia cooperation.
For his part, Hassanal also said that Brunei stands ready to further strengthen cooperation with China within the ASEAN framework, and looks forward to an early conclusion of the Code of Conduct in the South China Sea, and to build the South China Sea into a sea of peace and friendship through joint efforts so as to promote regional peace and security.