Connect with us

Media

မြန်မာနိုင်ငံတွင် ကွဲပြားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာရန်နှင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ် လုံခြုံမှုရှိစေရန် တရုတ်နိုင်ငံ တိုက်တွန်း

ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အောက်တိုဘာ ၃၁ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ထင်မြင်သုံးသပ်ချက်ကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ဝမ်က မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်နိုင်သမျှမြန်မြန် အပစ်အခတ်ရပ်စဲရန်၊ ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် မတူကွဲပြားမှုများကို အဖြေရှာရန်၊ တင်းမာမှုအရှိန် မြင့်တက်ခြင်းကို ရှောင်ရှားနိုင်ရန်၊ တရုတ်-မြန်မာ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ထိရောက်သော စီမံဆောင်ရွက်မှုများ ချမှတ်လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Foreign Ministry Spokesperson Wang Wenbin’s Regular Press Conference on October 31, 2023
What is China’s assessment of the offensive in northern Myanmar?
China is closely following the conflict. We urge relevant parties to cease fire as soon as possible, settle differences in a peaceful way through dialogue and consultation, avoid escalation of the situation, and take effective steps to ensure security and stability at the China-Myanmar border. As for the visit you asked about, I’d refer you to competent Chinese authorities.