Connect with us

Media

အီဂျစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးရှိ နိုင်ငံပိုင်ကုမ္ပဏီများအား ပုဂ္ဂလိကထံ ရောင်းချ ထားကြောင်း ဝန်ကြီးချုပ်ပြောကြား

ကိုင်ရို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍ နှင့် ယခုအချိန်ထိ နိုင်ငံပိုင် ကုမ္ပဏီများထံ အစုရှယ်ယာများ ရောင်းချရန် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ တန်ဖိုးရှိ စာချုပ်များအား လက်မှတ်ရေးထိုးထားကြောင်း ဇူလိုင် ၁၁ ရက်တွင် ဝန်ကြီးချုပ် Mostafa Madbouly က ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ နောက်ထပ် သဘောတူညီချက်များအား မကြာမီကြေညာသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Madbouly က ကိုင်ရိုမြို့ပြင်ရှိ အီဂျစ်နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်သစ်၌ ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံပိုင်အဆောက်အအုံများ ရောင်းချခြင်းသည် ဇန်နဝါရီလတွင် အစိုးရက စတင်လုပ်ဆောင်ခဲ့သည့် အီဂျစ်နိုင်ငံ၏ အစီအစဉ်များအနက် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍအား မြှင့်တင်သည့်အနေဖြင့် ကုမ္ပဏီအများစုအား ပုဂ္ဂလိကကဏ္ဍသို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Egypt sells state-owned companies worth 1.9 bln USD to private sector: PM
The Egyptian Prime Minister Mostafa Madbouly said on Tuesday that the government has so far signed contracts worth 1.9 billion U.S. dollars with the private sector to sell stakes in state-owned companies.
The government will soon announce another batch of deals worth 1 billion dollars, Madbouly said during a press conference in Egypt’s New Administrative Capital just outside Cairo.
The selling of the state-owned entities is part of an Egyptian program launched by the government in January.
Madbouly said that most of the companies were sold to the private sector in a bid to boost the country’s private sector.
Xinhua News Agency correspondents reporting from Cairo. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117