Connect with us

Media

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေး တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးနှင့် ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဇူလိုင် ၁၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က အဆွေတော် ဖိလစ်ပိုင်နိုင်ငံ သမ္မတ အဖြစ် တာဝန်ယူစဉ်ကာလတွင် ပြည်သူ့အပေါ် တာဝန်ယူမှု၊ သမိုင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ကောင်းမွန်စေသည့် မဟာဗျူဟာကို ခိုင်မာပြတ်သားစွာ ရွေးချယ်ခဲ့ရာ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိ၍ အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအတွက် အရေးပါသော အကျိုးဆောင်မှု ရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံသည် အာရှတိုက်၏ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ရာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ချစ်ကြည်ရင်းနှီးသော အနီးပတ်ဝန်းကျင်တွင် အခြေတည်သလို ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော အာရှမိသားစုကြီးတွင် အခြေတည်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးလက်ခံပါဝင်စေခြင်း”ဟူသော အိမ်နီးချင်း သံတမန် ဆက်ဆံရေးမူကို လက်ကိုင်ကျင့်သုံးရာ အိမ်နီးချင်းများနှင့်ချစ်ကြည်ရင်းနှီးရေး၊ အိမ်နီးချင်းအဖော်မွန် ဖြစ်ရေးကို အစဉ်ခိုင်မာစွာ ဆောင်ရွက်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးကို အစဉ်အလေးထားရာ ဖိလစ်ပိုင်နိုင်ငံနှင့်အတူ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးကြီးသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးက တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးထားဖွယ် အားပေးထောက်ပံ့မှုများပေးခြင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရက်ရောစွာ ကူညီဆောင်ရွက်ပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း ၊ ဖိလစ်ပိုင်-တရုတ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့်ကိုက်ညီသလို ဖိလစ်ပိုင်ပြည်သူအများစု၏ဆန္ဒလည်း ဖြစ်ကြောင်း ၊ မိမိအနေဖြင့် ဖိလစ်ပိုင်-တရုတ် ချစ်ကြည်ရေးကို ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………

(Chinese Version)

习近平会见菲律宾前总统杜特尔特
新华社北京7月17日电7月17日下午,国家主席习近平在北京钓鱼台国宾馆会见菲律宾前总统杜特尔特。
习近平指出,你担任菲律宾总统期间,本着对人民负责、对历史负责的态度,毅然作出改善对华关系的战略选择,中菲关系得以重回正轨并蓬勃发展,为两国友好交往作出重要贡献。中菲同为亚洲发展中国家,两国发展根植于睦邻友好的周边环境,根植于合作共赢的亚洲大家庭。中国奉行亲诚惠容的周边外交理念,一向坚持与邻为善、以邻为伴。中方始终重视中菲关系,愿同菲方一道,推动中菲关系行稳致远。希望你继续为两国友好合作发挥重要作用。
杜特尔特表示,感谢中方对菲律宾经济社会发展给予宝贵支持,特别是慷慨帮助菲抗击新冠疫情。发展菲中友好关系符合两国人民利益,也是大多数菲律宾人民的愿望。我愿继续为推动菲中友好发挥作用。
王毅参加会见。
7月17日下午,国家主席习近平在北京钓鱼台国宾馆会见菲律宾前总统杜特尔特。新华社记者 殷博古 摄