Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်၏ပါတီ အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မတီ ပြောကြား

ဖနွမ်းပင် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ(CPP)သည် ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း အမျိုးသား ရွေးကောက်ပွဲ ကော်မတီက ဇူလိုင် ၂၆ ရက်၌ ထုတ်ပြန်သည့် ကနဦးရလဒ်အရ သိရသည်။

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၈ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အောက်လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရန် ငါးနှစ်တစ်ကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကနဦးရလဒ်များတွင် ကမ္ဘောဒီးယား ပြည်သူ့ပါတီ(CPP)သည် စုစုပေါင်း ခိုင်လုံမဲ ၇.၇၇ သန်းအနက် ၈၂.၃ ရာခိုင်နှုန်း သို့မဟုတ် ဆန္ဒမဲ ၆.၄ သန်းနီးပါး ရရှိခဲ့ပြီး တော်ဝင်မင်းသား Norodom Chakravuth ၏ Funcinpec ပါတီသည် စုစုပေါင်း ခိုင်လုံမဲများ၏ ၉.၂၂ ရာခိုင်နှုန်း သို့မဟုတ် ၇၁၆,၄၄၃ မဲ ရရှိခဲ့ကြောင်း သိရသည်။

CPP ပါတီပြောရေးဆိုခွင့်ရှိသူ Sok Eysan က အမျိုးသား ရွေးကောက်ပွဲ ကော်မတီ၏ ကနဦးရလဒ်များအပေါ် အခြေခံ တွက်ချက်မှုများအရ CPP ပါတီက အမတ်နေရာ ၁၂၀ အနိုင်ရရှိခဲ့ပြီး တော်ဝင်မင်းသား Norodom Chakravuth ၏ Funcinpec ပါတီက ကျန်ရှိသည့် အမတ်နေရာ ၅ နေရာ ရရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ဝန်ကြီးချုပ်တာဝန်ကို ၃၈ နှစ်ကြာ ထမ်းဆောင်ပြီးနောက် အနားယူတော့မည် ဖြစ်ရာ အာဏာအား ၎င်း၏သားအကြီးဆုံးဖြစ်သူ ဟွန်မန်ထံ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

……………………………………
(English Version)
Cambodia’s election body says PM’s party wins in election
The ruling Cambodian People’s Party (CPP) of Prime Minister Samdech Techo Hun Sen won a landslide victory in Sunday’s general election, said the National Election Committee (NEC)’s preliminary results released on Wednesday.
A total of 18 political parties contested in the election, which was held once every five years to elect the members of parliament for the 125-seat National Assembly.
The results indicated that the CPP received almost 6.4 million votes, or 82.3 percent of the total valid votes of 7.77 million, and the Funcinpec Party of Prince Norodom Chakravuth gained 716,443 votes, or 9.22 percent of the total valid votes.
CPP spokesman Sok Eysan said according to the CPP’s calculation based on the NEC’s preliminary results, the CPP won 120 seats and the Funcinpec Party of Prince Norodom Chakravuth gained the remaining five seats.
Prime Minister Hun Sen announced on Wednesday that he would step down after serving the post for more than 38 years and would pass the reins of power to his eldest son Hun Manet.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)