Connect with us

Media

အီဂျစ်နိုင်ငံ၌ တရုတ်မော်တော်ကားအမှတ်တံဆိပ်က SUV မော်ဒယ်အသစ်များ ထုတ်ဖော်ပြသ

ကိုင်ရို ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

တရုတ်ကားထုတ်လုပ်သူများက အရှေ့အလယ်ပိုင်းဒေသတွင် ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်မှု အရှိန်မြှင့်သည့်အနေဖြင့်အီဂျစ်နိုင်ငံမြို့တော်ကိုင်ရို၌တရုတ်မော်တော်ကားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် Jetour Auto က SUV မော်ဒယ်အသစ် သုံးမျိုးအား ဩဂုတ် ၈ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

“Travel Together” ခေါင်းစဉ်အောက်ဖြင့် မဟာပိရမစ်ကြီးများရှေ့၌ Jetour က ကျင်းပခဲ့သည့် မိတ်ဆက်ပွဲအခမ်းအနားတွင် မော်တော်ကားအရောင်းကိုယ်စားလှယ်များ ၊ မော်တော်ကားကျွမ်းကျင်သူများ ၊ အင်တာနက်၌ ထင်ရှားကျော်ကြားသူများ နှင့် မီဒီယာများ အပါအဝင် တရုတ်-အီဂျစ် နှစ်နိုင်ငံမှ ဧည့်ပရိသတ် ၅၀၀ ကျော်ကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် Jetour က X70Plus ၊ X90Plus နှင့် Dashing ဟု အမည်ပေးထားသော SUV မော်ဒယ်သုံးမျိုးအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Chinese auto brand unveils new SUV models in Egypt
Jetour Auto, a Chinese auto brand, on Tuesday unveiled three new SUV models in the Egyptian capital of Cairo, as Chinese automakers are accelerating their expansion in the Middle Eastern region.
Under the theme of “Travel Together,” the launching ceremony held by Jetour in front of the grand pyramids attracted more than 500 guests from the two countries, including auto dealers, auto experts, internet influencers, and media representatives.
During the ceremony, Jetour introduced three SUV models, namely X70Plus, X90Plus and Dashing.
Xinhua News Agency correspondents reporting from Cairo.(XHTV)