Connect with us

Media

မော်စကိုမြို့အနီး လေယာဉ်ပျက်ကျမှုအတွင်း ဝဂ္ဂနာခေါင်းဆောင် သေဆုံး

မော်စကို ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့အနီး Tver ဒေသ၌ လေယာဉ်ပျက်ကျမှုတစ်ခုအတွင်း ဝဂ္ဂနာအဖွဲ့ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာကုမ္ပဏီ၏ ခေါင်းဆောင် ပရီဂိုဇင် သေဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ လေကြောင်း သယ်ယူပို့ဆောင်ရေး အေဂျင်စီက ဩဂုတ် ၂၃ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

တယ်လီဂရမ်အကောင့်ပေါ်တွင် အေဂျင်စီက ထုတ်ပြန်သည့် အမည်စာရင်းများအရ ဩဂုတ် ၂၃ ရက်အစောပိုင်း လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ၁၀ ဦးအနက် ပရီဂိုဇင် ပါဝင်ခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(English Version)
Wagner chief killed in plane crash near Moscow
Russia’s Federal Agency for Air Transport confirmed on Wednesday that Wagner Group private military company’s leader Yevgeny Prigozhin, was killed in a plane crash in the Tver Region near Moscow.
According to the name list released by the agency on its Telegram account, Prigozhin was among the ten people who lost their lives in the crash earlier Wednesday.
The agency said that an investigation had been launched into the cause of the plane crash.
Xinhua News Agency correspondents reporting from Moscow.(XHTV)