Connect with us

Videos

တရုတ်နိုင်ငံထုတ် ဧရာမ ခရီးသည်တင် လေယာဉ်ကြီး စတင် ပျံသန်း

ရှန်ဟိုင်း၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော ခရီးသည်တင် လေယာဉ်ကြီး C919 ကို ယနေ့ (မေလ ၅ ရက်) တွင် စတင် ပျံသန်းပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်အား ထုတ်လုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် အမေရိကန်၊ ဥရောပနှင့် ရုရှားပြီးလျှင် စတုတ္ထမြောက် အကြီးစား ခရီးသည်တင် လေယာဉ် ထုတ်လုပ်သူ ဖြစ်လာခဲ့သလို ရှန်ဟိုင်း အခြေစိုက် C919 ထုတ်လုပ်သူ ဖြစ်သော Commercial Aircraft Corporation of China- COMAC) အတွက် သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်သည်။

အဆိုပါ အင်ဂျင် နှစ်လုံးတပ် လေယာဉ်သည် ခရီးသည်များ မပါရှိသေးဘဲ လေယာဉ်ဝန်ထမ်း ငါးဦးဖြင့် ရှန်ဟိုင်း Pudong အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခဲ့သည်။

လေယာဉ် အမည် C919 တွင် ပါရှိသော “C” မှာ တရုတ် (China) နှင့် ထုတ်လုပ်သူ COMAC ကို ကိုယ်စားပြုခြင်း ဖြစ်ကြောင်း၊ “9” ၏ အဓိပ္ပါယ်မှာ တရုတ် ယဉ်ကျေးမှုအရ ထာဝရ (Forever) ကို ကိုယ်စားပြုခြင်း ဖြစ်သလို “19” မှာမူ ခရီးသည် အများဆုံး ၁၉၀ ဦး လိုက်ပါနိုင်ခြင်းကို ကိုယ်စားပြုသည်ဟု ဆိုသည်။

စံချိန်အမျိုးမျိုးဖြင့် ကီလိုမီတာ ၄၀၇၅ ပျံသန်းနိုင်ပြီး ကျဉ်းမြောင်းသော ကိုယ်ထည်ရှိကာ Airbus 320 နှင့် ဘိုးရင်း မျိုးဆက်သစ် ၇၃၇ တို့နှင့် ယှဉ်နိုင်ကြောင်း၊ ယင်းသည် ကမ္ဘာ့ လေကြောင်း ဈေးကွက်သို့ တိုးဝင်ရန် တရုတ်နိုင်ငံက အချက်ပြလိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.