Connect with us

Videos

ဘာလင်မြို့ ခရစ်စမတ်ဈေးရောင်းပွဲတော်အတွင်းသို့ ကုန်တင်ကားဖြင့် ဝင်တိုက်မှုဖြစ်ပွား

ဘာလင်၊ ဒီဇင်ဘာ ၂၀ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဒီဇင်ဘာ ၁၉ရက် ညက ခရစ်စမတ်ဈေးရောင်းပွဲတော်အတွင်းရှိ ဈေးဝယ်သူများ အား ကုန်တင်ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူ၁၂ဦးသေဆုံးပြီး အခြားလူ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာလင်ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ကုန်တင်ကားသည် ဘာလင်မြို့အတွင်း Kaiser Wilhelm အောက်မေ့ဖွယ် ဘုရားရှိခိုးကျောင်း အနီးရှိ အဓိက ပြည်သူ့ရင်ပြင်တစ်ခုဖြစ်သည့် Breitscheidplatz ၏ဘေးလမ်းအတိုင်းမောင်းနှင်လာကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ခရစ်စမတ်ဈေးပွဲတော်အတွင်း လူအုပ်ရှိရာသို့ ကုန်တင်ကားသည် ရုတ်တရက်လမ်းကြောင်းပြောင်းပြီးဝင်ရောက်လာကြောင်း၊ ကုန်တင်ကားပေါ်တွင်လိုက်ပါလာသော ခရီးသည်မှာ အခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီးနောက် Breitscheidplatz ရင်ပြင်အနီးတွင် သံသယရှိဖွယ် လူတစ်ဦးအား ဖမ်းမိခဲ့ကြောင်း နှင့် ၎င်းအား ကုန်တင်ကား မောင်းသူဟုတ်၊မဟုတ် စစ်ဆေးနေကြောင်းသိရသည်။

ရဲတပ်ဖွဲ့က Kaiser Wilhelm အောက်မေ့ဖွယ် ဘုရားရှိခိုးကျောင်း အနီးရှိဧရိယာအား ဖြတ်သန်းသွားလာခြင်း တားမြစ်ခဲ့ပြီး ဘာလင်မြို့သူမြို့သားများ နေအိမ်အတွင်း၌သာနေထိုင်ရန် နှင့် ကောလဟလများ မဖြန့်ကြရန် တိုက်တွန်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.