Connect with us

Videos

အီဂျစ်နိုင်ငံတွင် သန္တာကျောက်တန်းများကို ထိန်းသိမ်းရန်ရေအောက်ပြတိုက်တည်ဆောက်နေ

ဒါဟတ်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ပင်လယ်နီတွင် ရေငုပ်သမားများနှင့် နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရန်နှင့် သန္တာကျောက်တန်းများကို ထိန်းသိမ်းကာကွယ်ရန်အတွက် အီဂျစ်လူငယ်အဖွဲ့တစ်ဖွဲ့က ရေအောက်ပြတိုက်တစ်ခုတည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။ “I-Dive Tribe” ဟုအမည်ရသည့်အဆိုပါလူငယ်အဖွဲ့သည် ဒါဟတ်မြို့ရှိ ပင်လယ်နီရေအောက်ကြမ်းပြင်တွင် ရေအောက်ပြတိုက်တစ်ခု တည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်သည်။ အီဂျစ်နို်င်ငံရှိ သန္တာကျောက်တန်းများသည် ကမ္ဘာပေါ်တွင် ရေငုပ်ရန် အကောင်းဆုံးဒုတိယနေရာတစ်ခုဖြစ်လာစေရန် ထိုသို့ရည်ရွယ်ခြင်းလည်းဖြစ်သည်။ ကမ္ဘာ့မှတ်တမ်းဝင် အနက်ဆုံးရေအောက်ငုပ်နိုင်သည့် အီဂျစ်လူမျိုးရေငုပ်သမား အား ဂုဏ်ပြုသောအားဖြင့် ယခုနှစ်ဖေဖော်ဝါရီလ က ရေအောက်တွင် ရုပ်တု ၇ ခု အထိ ထားရှိနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.