Connect with us

Videos

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဒီဇင်ဘာလ တွင် စတင် ကျင်းပမည်

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိ ရတနာကျောက်စိမ်း ခန်းမ၌ ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။ ရတနာပြပွဲသို့ ခွင့်ပြုမိန့်ယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း ၊ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည်ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ ၊ အသင်းဝင် နိုင်ငံသားများကို သတ်မှတ် ချက် များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြု မည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ရတနာပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများ ကို နိုဝင်ဘာ ၁ ရက်မှ ၂၄ ရက်အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ခင်း ကျင်းခြင်းများ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.