Connect with us

Videos

သက်တမ်း နှစ် ၂ဝဝဝနီးပါးရှိ အခေါင်းများကို ချိတ်ဆွဲထားသည့် Dongxi မြစ်ကမ်းပါးနံရံ

ချုံကျင်း၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံDongixi မြစ်ကမ်းပါးနံရံကျောက်တောင်များတွင် လူ့အခေါင်း ၂၄ ခု ခန့်ချိတ်ဆွဲ ထားကြောင်း သိရသည်။ အဆိုပါအခေါင်းများကို မြစ်ကမ်းပါးဆီမှ အမြင့် ၁ဝဝ မီတာ မှ ၁၄ဝမီတာ အကြားတွင် ချိတ်ဆွဲ ထားခြင်းဖြစ်ပြီး သစ်သားများဖြင့်ပြုလုပ်ထားကာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂ဝဝဝ နီးပါး ရှိပြီဖြစ်သည်။ ၁၉၈ဝ ခုနှစ်က ပါမောက္ခတစ်ဦးနှင့် တပည့်များသည် အခေါင်းတစ်ခုကို အောက်သို့ချ၍ လေ့လာမှု ပြုလုပ်ခဲ့ဖူးသည်။အဆိုပါ အခေါင်းများကို ရှားပါးသောNan သစ်သားများဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ သစ်ပင်ကို ခုတ်ဖြတ်၍ အခေါင်းပေါက်ဖြစ်အောင်ပြုလုပ်ထားခြင်းဖြစ်သည်။ ရှေးခေတ်က တရုတ်တိုင်းရင်းသား မျိုးနွယ်စု အချို့တွင် လူသေဆုံးပါက အခေါင်းကို ချိတ်ဆွဲမြှုပ်နှံသည့် ဓလေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.