Connect with us

Videos

တိုက်လုံးကျွတ် ၂၀% လျှော့စျေးဖြင့် စာအုပ်တိုက်ပေါင်း ၃၀ ကျော် ပါဝင်ရောင်းချသည့် စာအုပ်ရောင်းပွဲတော် ကျင်းပ

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

Yangon Book Plaza ၏ ၇ နှစ်ပြည့် စာအုပ်ရောင်းပွဲတော်တွင် တိုက်လုံးကျွတ် ၂၀ ရာခိုင်နှုန်း လျှော့စျေးဖြင့် စာအုပ်တိုက်ပေါင်း ၃၀ ကျော် ပါဝင်ရောင်းချနေကြောင်း သိရသည်။အဆိုပါ စာအုပ်ရောင်းပွဲတော်ကို ရန်ကုန်မြို့ လမ်းမတော် သံစျေး ငါးလွှာတွင် ဖွင့်လှစ်ထားသည့် Yangon Book Plaza ၌ မတ် ၃၀ ရက်မှ ဧပြီ ၁ ရက်အထိ ၃ ရက်တိုင် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။အသစ်စက်စက် စာအုပ်များကို ၅၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း လျှော့စျေးများဖြင့် ရောင်းချပေးသည့်အပြင် စာအုပ်တစ်အုပ်ကို ကျပ် ၈၀၀ ၊ ၁၀၀၀ ၊ ၁၂၀၀ စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်သည့် စာအုပ်များ၊ အင်္ဂလိပ်ဘာသာနှင့် ကလေးစာအုပ်များ၊ မြန်မာဘာသာဖြင့် ကလေးစာအုပ်များ၊ ကာတွန်း၊ ရုပ်ပြများ အပါအဝင် စာအုပ်အမျိုးအစား အများအပြားကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.