နေပြည်တော်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)ရေးသားသူ / စိုးသန်းလင်း

မြန်မာနိုင်ငံတွင် အရှည်ဆုံး သစ်သားတံတား ဖြစ်လာမည့် ပေ ၄,၈၀၀ ကျော် တောတွင်း ဖြတ် လျှောက်လမ်း တံတားကို ငလိုက် ဆင်စခန်း၌ တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း နှင့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ သစ်လုပ်ငန်း၊ နေပြည်တော်၊ ငလိုက်ဆင်စခန်း၏ စခန်း တာဝန်ခံ၊ လက်ထောက် မန်နေဂျာ ဦးညီညီအောင်က ဆင်ဟွာကို ယနေ့ နေ့လယ်ပိုင်း၌ ဖြေကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌  နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၇၀၅ ဦး အနက်  ၆၁၇ ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ဧရာဝတီလင်းပိုင် သေဆုံးမှု ၈ ကောင်ခန့်ရှိပြီး ဧရာဝတီလင်းပိုင် မွေးဖွားမှုသည်လည်း ၈ ကောင်ခန့် ရှိကြောင်း ၊ ထို့ကြောင့်သေဆုံးမှုနှင့် မွေးဖွားမှု နှုန်းမှာ ဆတူခန့်ရှိနိုင်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ဇန်နဝါရီ ၁၄ ရက်တွင်ပြောကြားသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ကို COVID-19 ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ကျင်းပသွားရန် စီစဉ်ထားကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယခုနှစ် သည် လာနီညာနှစ်ဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် တိမ်ဖြစ်ထွန်းမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသောကြောင့် အပူချိန် ကျဆင်းနိုင်ခြင်းမရှိဘဲ ယခင်နှစ်ထက် အအေးပေါ့လျက်ရှိကြောင်း၊ ကျန်သည့် ဆောင်းကာလသည် အေးလိုက်၊ နွေးလိုက် ဆောင်းဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁၄ ရက်တွင်ပြောကြားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောစီး ခရီးသည်များ ပြန်လည်မြင့်တက်လာသဖြင့် ဇန်နဝါရီ ၁၁ ရက်မှ စ၍ နေ့စဉ် အခေါက်ရေ ၃၈ခေါက်အထိတိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက်တွင်ပြောကြား သည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

၂၀၂၁ ခုနှစ် နွေရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နွေစပါးစိုက်ဧက ခုနစ်သိန်းကျော်နှင့် အခြားသီးနှံစိုက် ဧက သုံးသိန်းကျော်၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၁၀ သိန်းကျော် အတွက် ရေလှောင်တမံများနှင့် ဆည်ကန်များမှ ရေများကို စိုက်ပျိုးရေအဖြစ် ပေးဝေသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဆင်ဟွာသို့ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့သူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၇)ရက် နံနက် (၆) နာရီမှစတင်ကာ စာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပြန်ပေးမည့် ဝက်ဆိုက်တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ဧရာဝတိတိုင်းဒေသကြီး၌ ၈နှစ်အတွင်း တောဆင် (၇၄)ကောင် အသတ်ခံရကြောင်း ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။