Connect with us

Economy

အာဆီယံအသေးစားနှင့် အလတ်စား စက်မှုဘဏ် ထူထောင်ရန် ဆွေးနွေး

နေပြည်တော်ရှိ Myanmar International Convention Center တွင် အာစီယံ အဖွဲ့ဝင်နိုင်ငံ အလံများ လွှင့်ထူထားပုံ (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

အာဆီယံအသေးစားနှင့် အလတ်စား စက်မှုဘဏ် ထူထောင်ရန်နှင့် အင်ဂျင်နီယာနှင့် ဗိသုကာ ဆိုင်ရာ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်စေရန် ကောင်းမွန်သော တိုးတက်မှုများ ရရှိစေရေး ကိစ္စရပ်များအား အာဆီယံစီးပွားရေး ဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းထုတ်ပြန်သည်။

ဘဏ္ဍာရေး ဝန်ဆောင်မှုနှင့် ငွေကြေးဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူ အုပ်စုဖွဲ့စည်းရန် အဆိုပြုချက်အားလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မလေးရှားနိုင်ငံ အာဆီယံဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်သည့် ၂၀၁၅ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများ ၊ ကမ္ဘာ့စီးပွားရေးအသိုက်အဝန်း (AEC) ၂၀၁၅ ပြည့်မီစေရေး အတွက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း အကဲဖြတ် မှတ်တမ်းအရ ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများ အနက် အရေးကြီး ဆောင်ရွက် ရမည့် ကိစ္စများ ၊ အခွန် အဟန့် အတားဖြစ်စေမည့် အစီအမံ အတားအဆီးများ ဖြေရှင်းမည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ASEAN Business Travel Card (ABTC) ထုတ်ပေးရေး အတွက် ကြုံတွေ့နိုင်မည့် ဘဏ္ဍာရေးနှင့် နည်းပညာ လိုအပ်ချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။

ထို့အပြင် အာဆီယံ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူစာချုပ် ရေးဆွဲနိုင်ရေးနှင့် ပက်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည် ။

အာဆီယံ စီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းဝေးကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁ ရက်နေ့ အထိ မလေးရှားနိုင်ငံ ကိုတာဘာရူမြို့ Renaissance ဟိုတယ်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံ စီးပွားရေးဝန်ကြီး အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.