Connect with us

China

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက် နေသည့် တရုတ် နိုင်ငံ နှင့် ပြည်ပ စီးပွားရေး လုပ်ငန်း ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အား စက်တင်ဘာ ၉ ရက်နေ့ က သလျန် အပြည်ပြည်ဆိုင်ရာ အစည်းအဝေး စင်တာတွင် ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

သလျန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် သလျန် အပြည်ပြည်ဆိုင်ရာ အစည်းအဝေး စင်တာတွင် ၉ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်နေသည့် တရုတ် နိုင်ငံ နှင့် ပြည်ပ စီးပွားရေး လုပ်ငန်း ကိုယ်စားလှယ် များအား စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းတွင် ဖိတ်ခေါ် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဆွေးနွေးပွဲသို့ အကြီးဆုံး အပြည်ပြည်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီ ၅၀၀ မှ လုပ်ငန်း တာဝန်ခံများ ၊ စက်မှုနှင့် ကုန်သွယ်ရေး ကဏ္ဍမှ ခေါင်းဆောင်များ ၊ အကြံပေးအဖွဲ့များ နှင့် မီဒီယာ စသည့် ကဏ္ဍ မှ လူပေါင်း ၂၀၀ ကျော်တက်ရောက် ခဲ့သည်။ တွေ့ဆုံ ဆွေးနွေးပွဲတွင် ကမ္ဘာ့စီးပွားရေး ဖိုရမ် ဥက္ကဌ Klaus Schwab မှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

ဝန်ကြီးချုပ် လီခဲ့ချန် အား ဗြိတိန် နိုင်ငံ Unilever ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Paul Polman မှ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှုန်းမှာ နှေးကွေး လာခဲ့ပြီး တရုတ် နိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်း မှာလည်း စတင် နှေးကွေး လာသည့် အခြေအနေ ဖြစ်ပေါ်လာသည့် အတွက် တရုတ် နိုင်ငံ အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအား အသစ်အား မည့်သို့ ရှာဖွေသွားမည်ကို မေးမြန်း ခဲ့သည်။

လီခဲ့ချန်မှ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးလာသည့် အခြေအနေအောက်တွင် တရုတ် နိုင်ငံ စီးပွားရေး တိုးတက်မှု နှုန်းမှာလည်း ပုံစံအားဖြင့် လှုပ်ခတ်မှု ရှိခဲ့သော်လည်း ဦးတည်ချက် အလားအလာ မှာ ကောင်းမွန် နေကြောင်း ၊ စီးပွားရေး တိုးတက်မှု အလုံးစုံ အနေဖြင့် နှေးပြီးတည်ငြိမ်မှု ရှိကြောင်း ၊ တည်ငြိမ်မှုမှာ ကောင်းမွန်သည့် ဘက်သို့ ဦးတည် နေပြီး အခက်အခဲ များလည်း ရှိကြောင်း ၊ အချို့ စီးပွားရေး ညွှန်းကိန်း များအနေဖြင့် လအပိုင်းအခြားနှင့် ရာသီအပိုင်းအခြား ကာလတွင် မတည်မငြိမ် လှုပ်ခတ်မှုများ ဖြစ်ခဲ့သော်လည်း စီးပွားရေး လည်ပတ်မှု အနေဖြင့် လက်ခံ နိုင်သည့် အတိုင်းအတာတွင် ရှိနေကြောင်း ၊ ယခုနှစ် ပထမ နှစ်ဝက် တွင် တရုတ် နိုင်ငံ၏ စီးပွားရေးသည် ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘာ့ အဓိက စီးပွားရေး အသိုက်အဝန်းတွင် တိုးတက်မှု နှုန်းသည် ရှေ့ပိုင်းတွင် ရပ်တည် နိုင်ခဲ့ပြီး ၊ လုံလောက်သော အလုပ်အကိုင် အခွင့်အရေး ၊ ဝင်ငွေတိုးတက်မှု နှုန်းထား အတူတကွ မြင့်တက်လာမှုနှင့် ပတ်ဝန်းကျင် တိုးတက် ပြောင်းလဲ ကောင်းမွန် လာပါက ဤ တိုးတက်မှု နှုန်းသည် လက်ခံနိုင်သည့် နှုန်းထား ဖြစ်ကြောင်း ၊ စီးပွားရေး ဖွံဖြိုးတိုးတက်ရေး အတွက် တွန်းအား အသစ် နှင့် ပတ်သက်၍ တရုတ် နိုင်ငံမှ အများပြည်သူများ လုပ်ငန်းသစ် ထူထောင်ခြင်း ၊ လုပ်ငန်းပုံစံ အသစ် ဆောင်ရွက်ခြင်းနှင့် စီးပွားရေး ဖွဲ့စည်းမှု ပိုမို တောင့်တင်း ခိုင်မာ စေရန် အတွက် တွန်းအားပေး ဆောင်ရွက် နေကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် စီးပွားရေး မြန်ဆန်စွာ တိုးတက်မှု ရရှိရန် ထိန်းသိမ်း ထားနိုင်သည့် အရည်အချင်းရှိကြောင်း ပြောကြားခဲ့သည်။

ဂျပန် နိုင်ငံ Mitsubishi Group ဘုတ်အဖွဲ့ ဥက္ကဌ Yorihiko Kojima မှ တရုတ် နိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ၊ ဈေးကွက်ဆိုင်ရာ စွန့်စားမှု နှင့် ငွေကြေးပြုပြင် ပြောင်းလဲမှု ဆိုင်ရာ တွန်အားပေး ဆောင်ရွက်မှု နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် လီခဲ့ချန်မှ လက်တလော ကာလတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေး ဈေးကွက် ၌ ဖြစ်ပေါ်ခဲ့သည့် ရိုက်ခတ်မှု အသစ်များသည် တရုတ် နိုင်ငံ စတော့ ဈေးကွက်ကိုလည်း ထူးခြားသည့် ရိုက်ခတ်မှု များ ဖြစ်ပွားစေခဲ့ကြောင်း ၊ သက်ဆိုင်ရာ မှ ဈေးကွက် တည်ငြိမ်မှု ရရှိရန် အတွက် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးစနစ် ဆိုင်ရာ စွန့်စားမှု အား ကာကွယ် နိုင်ခဲ့ကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် တရုတ် နိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် အဆင့်ဆင့် တိုးတက်ရေး ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ဈေးကွက်အား ဥပဒေ မူဘောင် အတွင်းဆောင်ရွက်မှု ၊ ပွင့်လင်းမြင်သာမှု နှင့် ရေရှည်တည်ငြိမ်မှု ရရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ တရုတ် နိုင်ငံ အစိုးရ ၏ ကြွေးမြီ ညွှန်းကိန်း မှ အနည်းပိုင်း အခြေအနေ တွင် တည်ရှိနေသဖြင့် စွန့်စားမှု များအား ထိန်းချုပ် နိုင်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ငွေကြေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကို ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်လုပ်ငန်း များဝင်ရောက်မှု ကိုလည်း ထိန်းချုပ်မှု လျှော့ချ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် Boston Consulting Group အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဌ ဖြစ်သည့် Li Ruilin မှ တရုတ်ယွမ်ငွေ လဲလှယ် နှုန်းထား နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် လီခဲ့ချန် မှ ယခု အစိုးအရ ကာလ အတွင်း တရုတ် နိုင်ငံ ယွမ်ငွေ လက်တွေ့ လဲလှယ် နှုန်းထား သည် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၊ တရုတ် ယွမ်ငွေ အနေဖြင့် ဆက်တိုက် ငွေကြေး ဖောင်းပွ နိုင်သည့် အခြေအနေ မရှိကြောင်း ၊ သင့်လျှော်လက်ခံ နိုင်သည့် အခြေအနေတွင် တည်ငြိမ်အောင် ဆောင်ရွက်ထား နိုင်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ်ယွမ်ငွေ တန်းဖိုးလျော့ကျ အောင်ဆောင်ရွက်ကာ ပို့ကုန် အတွက် တွန်းအားပေး ဆောင်ရွက်ခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ၊ ကမ္ဘာပေါ်တွင် ငွေကြေး ဆိုင်ရာ တိုက်ခိုက်မှု ဖြစ်ပွားမည် ကိုလည်း မလိုလားကြောင်း ၊ တရုတ် ယွမ်ငွေ ဆက်တိုက် တန်ဖိုးလျော့ကျ ခြင်းသည် လည်း တရုတ် ယွမ်ငွေ အား အပြည်ပြည် ဆိုင်ရာ ငွေကြေးအဖြစ် ပုံဖော်ရေး တွင်လည်း အကျိုးမရှိကြောင်း ၊ တရုတ် နိုင်ငံ သည် ကမ္ဘာ့စီးပွားရေး စွန့်စားမှု ၏ အရင်းအမြစ်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတွက် အရင်းအမြစ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အခြားဆွေးနွေးမှု များတွင် ဝန်ကြီးချုပ် လီခဲ့ချန် မှ တရုတ် နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သော မူဝါဒ သည် ပြောင်းလဲ သွားမည် မဟုတ်ကြောင်း ၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ကဏ္ဍသည် ပိုမို တွင်ကျယ်လာမည် ဖြစ်ပြီး အဆင်ပြေမှုသည်လည်း ပိုမို မြင့်တက်လာ မည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပြည်တွင်း နှင့် ပြည်ပ မှ စီးပွားရေး လုပ်ငန်း များအတွက် တန်းတူညီမျှသည့် ဈေးကွက် အခြေအနေကို ပုံဖော်သွားမည် ဖြစ်ပြီး အသိပညာ ဆိုင်ရာ မူပိုင်ခွင့် ကိုလည်း အကာအကွယ်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ နှင့် မြို့ပြ ပုံစံ သစ် ဆိုင်ရာ ဆွေးနွေးမှု များအား ဝန်ကြီးချုပ် လီခဲ့ချန် မှ ပြန်လည် ဆွေးနွေး ခဲ့သည်။ အခမ်းအနားမှူး Klaus Schwab မှ လီခဲ့ချန် ၏ ဖြေကြားဆွေးနွေးမှု များအား လုပ်ငန်း ကုမ္ပဏီ များကိုယ်စား ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီများ အနေဖြင့်လည်း တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ အတူတကွ တိုးတက် ဖွံ့ဖြိုးရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)