Connect with us

China

ပိုးလမ်းမကြီး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကို ဟန်ကျိုးတွင် ဖွင့်လှစ်

တရုတ်အမျိုးသား ပိုးထည်ပြတိုက်က စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ယဉ်ကျေးမှု အမွေအနှစ်ပြပွဲသို့ လာရောက် လေ့လာကြသူများ ( ဓာတ်ပုံ- chinasilkmuseum)

ဟန်ကျုးိ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း ၂၀ မှ ပညာရှင်ပေါင်း ၁၂၀ ကျော်သည် အောက်တိုဘာလ ၁၂ ရက် တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့ တွင် ပြုလုပ်သည့် အရှေ့အာရှ နှင့် ဥရောပ ကြား ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီး ဆိုင်ရာ ဖိုရမ် သို့ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ ဖိုရမ်ကို တရုတ် အမျိုးသား ပိုးထည်ပြတိုက်မှ ဦးစီးဦးဆောင် လုပ်ခဲ့ပြီး ပြည်တွင်း ပြည်ပမှ ရှေးဟောင်း သုတေသနဗေဒ၊ ဘာသာစကားဗေဒ၊ မနုဿဗေဒ၊ မျိုးနွယ်စုဗေဒ နှင့် အနုပညာ သမိုင်းကြောင်း ဆိုင်ရာ ပညာသင်ဆုများအတွက် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည်။

ညီလာခံသို့ တက်ရောက် လာသူများသည် ပိုးထည် ကုန်သွယ်မှုနှင့် ပတ်သက်သည့် နောက်ဆုံး လေ့လာ တွေ့ရှိ ချက်များကို ဖလှယ်ခဲ့ကြသည်။

အင်္ဂလန်နိုင်ငံမှ နိထ်ဟန် ရှာဖွေ လေ့လာရေး အဖွဲ့အစည်း၊ အထည်အလိပ် သုတေသန ဆိုင်ရာ ဒိန်းမတ် အမျုးိသား ရှာဖွေ လေ့လာရေး ဖောင်ဒေးရှင်းစင်တာ အစရှိသည့် ကမ္ဘာ အရပ်ရပ်ရှိ အဖွဲ့အစည်းပေါင်း၂၀ က ပိုးလမ်းမကြီး ဆိုင်ရာ ချည်မျှင်နှင့် အထည်လေ့လာရေး နိုင်ငံတကာ အဖွဲ့အစည်းကို တည်ထောင်ကြောင်း ညီလာခံ ဖွင့်ပွဲ အခမ်းအနား၌ ကြေငြာခဲ့သည်။

အဆိုပါ အဖွဲ့အစည်းသည် ပိုးလမ်းမကြီး တစ်လျှောက်ရှိ လေ့လာရေး အဖွဲ့အစည်း အားလုံးနှင့် ဆက်သွယ် ဆောင်ရွက်ပြီး သုတေသန ပြုလုပ်မှုနှင့် သတင်း အရင်းအမြစ်များ ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ် အမျိုးသား ပိုးထည် ပြတိုက်မှ ဒါရိုက်တာ ကျောင်ဖန်းက ပြောကြားခဲ့သည်။

လာမည့် ငါးနှစ်အတွင်း ပိုးလမ်းမကြီး စီမံကိန်း အပါအဝင် သုတေသန လုပ်ငန်းများနှင့် သမိုင်းဝင် အထည်အလိပ် နည်းပညာဆိုင်ရာ ဝေါဟာရ အဘိဓါန် ကဲ့သို့သော သုတေသန လုပ်ငန်းများကို အာရုံစိုက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကျောင်က ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117