Connect with us

Local

ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုနှုန်းထားများ သတ်မှတ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှထုတ်ပြန်

ကုန်သည်စက်မှုအသင်းချုပ် ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုနှုန်းထားများ သတ်မှတ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

သတ်မှတ်ထားသော နှုန်းထားများမှာ Service Charge (သဘောၤတစ်စီးဝန်ဆောင်ခ) ၃၀,၀၀၀ ကျပ်၊ LCL (Less than container load)ဝန်ဆောင်မှုနှုန်းထား၊တစ်ကုဗမီတာမှ သုံးကုဗမီတာ ၃၀,၀၀၀ ကျပ်၊ ၃ ကုဗမီတာအထက် မှအထက် ၇၀,၀၀၀ ကျပ် တို့ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် အသင်းဝင်အသင်းသားနှင့် သွင်းကုန်/ထုတ်ကုန် ကုမ္ပဏီများအား ကိုယ်စားပြု၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဖွဲ့စည်းထားသော ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်း များလုပ်ကိုင်သည့် ကုမ္ပဏီများကြီးကြပ်ရေးကော်မတီတွင် မလိုလားအပ်သော Logistics Cost (သယ်ယူပို့ဆောင်စားရိတ်) များ လျှော့ချရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

LCL (Less than container load) နှင့်လာသော ကုန်ပစ္စည်းများ ဆိပ်ကမ်းမှ ထုတ်ယူခြင်းနှင့်ပတ်သက်၍ မလိုလားအပ်သော ကုန်ကျစရိတ်များ လျှော့ချရေးအတွက် ၂၀၁၇ ခုနှစ် မတ်လမှ စတင်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ ဝန်ဆောင်မှုပေးနေသော ညီနောင်အသင်းများ၏ အမှုဆောင်များ၊ အသင်းဝင်များ၊ သွင်းကုန်/ထုတ်ကုန်လုပ်ငန်းရှင် အသင်းဝင်၊ အသင်းသားများနှင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီများကြီးကြပ်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ LCL ဖြင့် တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ်တွင် အောက်ဖော်ပြပါနှုန်းထားများအတိုင်း ကောက်ခံသွားခြင်းကို ၁-၆-၂၀၁၈ ရက်နေ့မှ စတင်၍ လိုက်နာဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ညီနောင်အသင်းဝင်၊ အသင်းသားများအနေဖြင့် သိရှိစေရန်နှင့် ဆုံးဖြတ်ထားသော ဝန်ဆောင်မှုနှုန်းထားများထက် ပိုမိုကောက်ခံမှုများတွေ့ရှိရပါက ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်း များလုပ်ကိုင်သည့် ကုမ္ပဏီများကြီးကြပ်ရေးကော်မတီနှင့် ကုန်သည်စက်မှုအသင်းချုပ်အတွင်းရေးမှူးချုပ်ရုံးဌာန သို့ တိုက်ရိုက်ဆက်သွယ်၍ အသိပေးကန့်ကွက်နိုင်ပါကြောင်း အကြောင်းကြားအပ်သည်ဟူ၍ ကုန်သည်စက်မှုအသင်းချုပ် ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)