Connect with us

Local

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက်မှာ နှစ်စဉ်တိုးတက်လျက်ရှိ

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက်မှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ၂၀၁၆ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂.၉၀ သန်း လာရောက်လည်ပတ်ခဲ့ရာ မှ ၂၀၁၇ ခုနှစ်တွင် ၃.၄၄ သန်းထိ လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၏ ဒုတိယ ၁ နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုအခြေအနေအား တင်ပြခဲ့သည်။

ယခုအစိုးရသစ်လက်ထက် ၂၀၁၈ ခုနှစ်၊ မတ်လကုန်တွင်ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၆၄ လုံး၊ အခန်းပေါင်း ၁၂,၁၉၄ ခန်း၊ ရင်းနှီးမြှုပ်နံှမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၇၀.၉၇သန်း အထိတိုးတက်ခဲ့သဖြင့် ဟိုတယ် ၁၆လုံး၊ အခန်း ၃၀၆၂ ခန်း၊ အမေရိကန်ဒေါ်လာ ၁၆၉၂.၅၉ သန်း တိုးတက်ခဲ့ကြောင်း သိရသည်။

ဒုတိယ တစ်နှစ်ကာလအတွင်း တိုးတက်မှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ် ၅လုံး၊ အခန်း ၅၇၄ ခန်း၊ ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၅၆၅.၉၄သန်းတိုးတက်ခဲ့ကြောင်း သိရသည်။ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန များ၊ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍတို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံဟိုတယ် နှင့်ခရီးသွားလာရေးဥပဒေသစ်ကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ နှင့်ပတ်သက်သည့် အချက်အလက်များကို နှစ်အလိုက်ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များ၊ နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ဆောင်ရန်ရှောင်ရန်များကိုလည်း ထုတ်ဝေခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံကို ကမ္ဘာတစ်ဝန်း မှ သိရှိနိုင်ရေးအတွက် နိုင်ငံတကာရုပ်သံလိုင်းများ နှင့်လည်းကောင်း၊ ဥရောပ၊ အမေရိကန် နှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းရှင်များ ၊ ဟိုတယ်လုပ်ငန်းရှင်များ နှင့် မီဒီယာများပါဝင်သော Mega Joint FAM Trip နှင့် Education trip to Myanmar စသည့် FAM Trip များအားလည်း ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းသင်တန်းများအနေဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် နေ့အထိ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများ နှင့် ဆက်စပ်သင်တန်းများအား စုစုပေါင်း ၅၁ ကြိမ်ဖွင့်လှစ် နိုင်ခဲ့ပြီး၊ သင်တန်းသား ၄၂၂၉ ဦးအထိမွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။ဝန်ကြီးဌာန ၏ဝက်ဆိုက်တစ်ခုဖြစ်သော www.tourism.gov.mm ကို အစိုးရ ၏ တရားဝင် ဝက်ဆိုက်တစ်ခုအဖြစ် ပိုမိုသိသာထင်ရှားလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)