Connect with us

Local

ကျပ်သန်း ၇၈၄ သန်းကျော်ခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား ဇွန်လပထမအပတ် အတွင်း သိမ်းဆည်းရမိ

ထူးခြား ဖမ်းဆီး ရမိမှု ဖြစ်စဉ် အနေဖြင့် အင်ကြင်းကျောက်ဟု ယူဆရသော ကျောက်တုံး အရွယ်အစား မျိုးစုံအား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror)

ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ ပစ္စည်းများအား တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ ဇွန် ၁ ရက်မှ ၈ ရက် အတွင်း စုစုပေါင်း တားဆီးမှု ၈၈ မှုမှ ခန့်မှန်း တန်ဖိုး ကျပ် ၇၈၄.၆၄၂၅ သန်းခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား အကောက်ခွန် ဦးစီးဌာနမှ သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်မှု အရ သိရသည်။

ထိုသို့ဖမ်းဆီးရမိမှုများ အနက် ထူးခြား ဖမ်းဆီး ရမိမှု ဖြစ်စဉ် အနေဖြင့် ဇွန် ၇ ရက်တွင် မြင်းခြံမြို့မှ မူဆယ်သို့ သွားရောက်မည့် ယာဉ်အား ၁၆ မိုင် ကျောက်ချော စစ်ဆေးရေး စခန်းမှ တားဆီး စစ်ဆေးရာ ပြောင်းအိတ်များ အောက်တွင် သိုဝှက် သယ်ဆောင်လာသည့် အင်ကြင်းကျောက်ဟု ယူဆရသော ကျောက်တုံး အရွယ်အစား မျိုးစုံ 1796 Kg ၊ ပြောင်းဆန်အိတ်(1×40)Kg အိတ် ၃၀၀ နှင့် သယ်ဆောင်လာသည့် ယာဉ် အပါအဝင် စုစုပေါင်း ခန့်မှန်း တန်ဖိုး ကျပ် ၂၅.၁၈၄ သန်းအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ လေဆိပ် ကုန်လှောင်ရုံ ၊ ဆိပ်ကမ်းများ ၊ အထူးကင်း ၊ ရေပူ စစ်ဆေးရေး စခန်း နှင့် အကောက်ခွန် နယ်မြေ ဒေသ အသီးသီး တို့တွင် ဇွန် ၁ ရက်မှ ၈ ရက် အတွင်း တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတရာ တင်ပြနိုင်ခြင်း မရှိသည့် အကောက်ခွန်မဲ့ ပစ္စည်းများအား အကောက်ခွန် ဦးစီးဌာနမှ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)