Connect with us

Local

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသား ကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပမည်

၅၂ ကြိမ်မြောက် ကျောက်မျက် ရတနာ ပြပွဲတွင် ပြသထားသော ကျောက်စိမ်းတုံးများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ကျောက်မျက်ရိုင်းများ နှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကော်မတီမှ သတင်း ထုတ်ပြန်သည်။

ရောင်းချပွဲတွင် တင်ပြ ရောင်းချမည့် ကျောက်မျက် ရတနာများ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း၊ ခင်းကျင်း နေရာချထားခြင်း များကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၂၆) ရက်နေ့ အထိ သက်ဆိုင်ရာ လုပ်ငန်းရှင်များ နှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မျက် ရတနာ ရောင်းချပွဲသို့ ခွင့်ပြုမိန့် ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင်ရယူ ထားသူများနှင့် ကျောက်မျက် ရတနာ ကုမ္ပဏီ မှတ်ပုံတင် ရရှိပြီး သူများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက် များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက် ခွင့်ပြုမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူ များကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပြီး၊ ကျောက်မျက် ရတနာ ရောင်းချပွဲသို့တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာ ကုန်သည်များ သည် သတ်မှတ်ထားသည့် အာမခံ စပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်သည်။

ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသား ရတနာ ကုန်သည်များ သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၆) ရက်နေ့အထိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ရုံးချုပ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားသော စီမံရေးရာ လုပ်ငန်း ကော်မတီ ရုံးတွင် ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့် ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာန Website www.mining.gov.mm နှင့် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm တွင် နိုင်ငံသား ရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို Download ရယူနိုင်ကြောင်း သိရသည်။ On-line မှတစ်ဆင့် လျှောက် ထားလိုပါက Website www.mge.gov.mm ၊ On-line Pre-Registration System တွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက် နိုင်ကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.