Connect with us

Local

မဲခေါင်-လန်ချန်းနိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

မဲခေါင်-လန်ချန်းနိုင်ငံများ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးနိုင်ငံများဖြစ်သည့် ကမ္ဘောဒီး ယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ခြင်းစီမံကိန်း အစီအစဉ် ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၈ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် များက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံအလိုက် အတွေ့အကြုံမျှဝေနိုင်မည့် အခြေအနေများနှင့် အသိပညာ ဖလှယ်ရေး လေ့လာရေးခရီးစဉ်များ စီစဉ်နိုင်ရေး ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဘတ်ဂျက် အစီအစဉ် များကို ညှိနှိုင်းရေးဆွဲကြမည်ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထူထောင်ပေးသည့် ဒုတိယအကြိမ် အထူးရန်ပုံငွေအရ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာ စီမံကိန်းစုစုပေါင်း ၂၃ ခုကို အဆိုပြုခဲ့ရာ စီမံကိန်း ၁၂ ခု ရွေးချယ် ခံရ သည့်အနက် ယခုအစီအစဉ်မှာတစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး (Agriculture and Poverty Reduction) ကဏ္ဍတွင် ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.