Connect with us

Local

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သတ္တု ၊ကျောက်မျက်နှင့် ပုလဲကဏ္ဍတို့မှ ထုတ်လုပ်မှုတန်ဖိုးကျပ် ၇၄၁ ဘီလီယံကျော် အကောင်အထည် ဖော်နိုင်

ကျောက်မျက် ရတနာအရောင်းပြပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သတ္တုကဏ္ဍ၊ ကျောက်မျက် ကဏ္ဍ နှင့် ပုလဲကဏ္ဍတို့မှ ကျပ် ၇၄၁ ဘီလီယံကျော် အကောင်အထည်ဖော် နိုင်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

အဆိုပါ ကဏ္ဍတို့မှ ထုတ်လုပ်မှုတန်ဖိုးငွေ ကျပ် ၅၄၁.၆၂၉ဘီလီယံ လျာထားပြီး ကျပ် ၇၄၁.၉၇၂ ဘီလီယံ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇွန်လ ၂၀ရက်နေ့မှ ၂၉ရက်နေ့ထိတွင် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ပုလဲထုတ်လုပ်မှု လျာထားချက်ထက် ကျော်လွန်ထုတ်လုပ်နိုင်ခဲ့ခြင်း၊အရည်အသွေး ကောင်းမွန်သည့် ပုလဲများ ထုတ်လုပ်နိုင်ခြင်းကြောင့် အကျိုးရလဒ်အနေဖြင့် ရငွေလျာထားချက်ထက် ကျော်လွန်ရရှိခဲ့ကြောင်း သိရသည်။နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)