Connect with us

Local

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်စတော့ခ်အိတ်ချိန်းမှ အစုရှယ်ယာ ၄၄,၀၀၀ကျာ် ရောင်းချနိုင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၂၁ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန်စတော့ခ်အိတ်ချိန်းတွင် ငွေကျပ် ၁၉၁ သန်းကျော်တန်ဖိုးရှိ အစုရှယ်ယာ စုစုပေါင်း ၄၄,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့ခ်အိတ်ချိန်း၏ ထုတ်ပြန်ချက်အရ သိရသည်။လက်ရှိတွင် ရန်ကုန်စတော့ခ်အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ၇ ခုက အရောင်းအဝယ်များပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ ဒီဇင်ဘာလ တွင် Myanamr Thilawa SEZ Holding Public ကုမ္ပဏီ က အစုရှယ်ယာပေါင်း ၃၄,၇၉၃ ဖြင့် အစုရှယ်ယာအများဆုံး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံ၌ အများပိုင်ကုမ္ပဏီ ၂၆၀ ကျော်ရှိကြောင်း၊ အများပိုင်ကုမ္ပဏီများထဲမှ ရန်ကုန်စတော့ခ်အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်ရန် ဆောင်ရွက်နေသော ကုမ္ပဏီများလည်း ရှိကြောင်း ရန်ကုန်စတော့ခ်အိတ်ချိန်းမှ သိရသည်။ (Xinhua)