Connect with us

Local

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပထမအကြိမ် ကျောက်မျက်ပြပွဲ ၅ ရက်ကြာ ကျင်းပမည်

နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကျောက်မျက်ပြပွဲ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာအချောထည် ရောင်းဝယ် ရေးစင်တာ၌ ပထမအကြိမ် ကျောက်မျက် ပြပွဲအား မတ် ၂၆ ရက်မှ ၃ဝ ရက် အထိ ၅ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ပြပွဲတွင် ကျောက်မျက်ရတနာအချောထည်များကို နိုင်ငံခြားသား များအား (Cash Memo) ချိပ်ပိတ်သယ်ဆောင် စနစ်ဖြင့် လည်းကောင်း ၊ (စီ/ဒီ)အဆင့် ကျောက်စိမ်းဖြတ်သားများကို (မြန်မာကျပ်ငွေဖြင့်) တင်ဒါစနစ် ဖြင့် လည်းကောင်း ရောင်းချသွားမည် ဖြစ်ကြောင်း ၊ အသေးစိတ်အချက်အလက် များကို အသင်းရုံး၌် လာရောက် စုံစမ်းနိုင်ကြောင်း သိရသည်။

ကျောက်မျက် ပြပွဲအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကချင်ပြည်နယ်ရှိ ပြည်နယ်သူ ၊ ပြည်နယ် သားများ အားလုံး အလုပ်အကိုင် ပိုမို ရရှိရေး၊ လူတစ်ဦးချင်း ဝင်ငွေ ကောင်းမွန် လာစေရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတို့အတွက် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှု၊ ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(မြစ်ကြီးနား)၏ ကြီးကြပ်မှုတို့ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)