Connect with us

Local

ကျောက်စိမ်း အတွဲပေါင်း ၈၆၁ တွဲကို တန်ဖိုး ယူရို ၁၀၃.၈၂၆ သန်းဖြင့် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ သတ္တမနေ့တွင် ရောင်းချခဲ့

၂၀၁၉ ခုနှစ် ၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ကျင်းပမှုများအား တွေ ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ သတ္တမနေ့ဖြစ်သည့် စက်တင်ဘာ ၂၂ ရက်တွင် ကျောက်စိမ်း အတွဲပေါင်း ၈၆၁ တွဲကို တန်ဖိုး ယူရိုငွေ ၁၀၃.၈၂၆ သန်းဖြင့် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲ ၁,၃၀၀ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း ၈၆၁ တွဲကို တန်ဖိုး ယူရိုငွေ ၁၀၃.၈၂၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ (၄၈၁)တွဲကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း ၄၀ တွဲကို တန်ဖိုး ယူရို ၀ ဒသမ ၃၇၈ သန်းဖြင့် လည်းကောင်း ၊ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲ ၁,၃၁၁ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ အတွဲပေါင်း ၁,၀၉၁ တွဲကို တန်ဖိုးယူရို ၄၁ ဒသမ ၂၄၆ သန်းဖြင့် လည်းကောင်း ၊ ပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၁,၃၀၀ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲ ၈၁၃ တွဲကို တန်ဖိုး ယူရို ၇၁ ဒသမ ၂၄၂ သန်းဖြင့် လည်းကောင်း အသီးသီး ရောင်းချခဲ့ရကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ရတနာ ကုမ္ပဏီ ၃,၀၇၀ တို့မှ ရတနာ ကုန်သည် စုစုပေါင်း ၄,၅၅၈ ဦး ပြပွဲသို့တက်ရောက်ရန် မှတ်ပုံတင်ထားကြောင်း သိရသည်။(Xinhua)