Connect with us

Local

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဩဂုတ်လတွင် ကျင်းပမည်

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတစ်ခုတွင် ကျောက်စိမ်းများ ခင်းကျင်း ပြသထားမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ သြဂုတ်လ ၂ ရက်မှ ၁၁ ရက်ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များက တင်ပြ ရောင်းချ လိုသည့် ကျောက်စိမ်း အတွဲစာရင်း လျှောက်လွှာများကို ဇွန် ၆ ရက်မှ ၁၅ ရက် အတွင်း ကျောက်စိမ်း လုပ်ငန်း ကော်မတီသို့လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း ၊ ရတနာပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်စိမ်း ၊ ကျောက်မျက် အတွဲများကို ဇွန် ၂၂ ရက် မှ ဇူလိုင်လ ၁၇ ရက်အထိ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း၊ ပြပွဲ ကျင်းပမည့် နေရာသို့ပြောင်းရွှေ့ခင်းကျင်းခြင်းများ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မျက် ရတနာ ပြပွဲသို့ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက ်ရတနာ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ့ ကျောက်မျက ်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရ သိရသည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117