Connect with us

Local

မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ၂ ရက် အတွင်းအမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူ 

မြန်မာကျပ်ငွေ နှင့် အမေရိကန်ဒေါ်လာ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့်  မေ၂၁ ရက်မှ ၂၂ ရက် တွင် ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း အား နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ထုတ်ပြန်ချက်အရသိရသည်။

နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦး က “ဗဟိုဘဏ်ရဲ့ လက်ရှိဆောင်ရွက်ချက် က အလွန်အကျွံ အတက်အကျ မဖြစ်အောင် ဂျမ်းတုံးလေးတွေ ခုပေးတဲ့ သဘောပဲ။ ဗဟိုဘဏ်က ဈေးကွက် တည်ငြိမ်မှု ကို အဓိက ဆောင်ရွက်တာဖြစ်တယ်။ရုတ်တရက်ကြီး ဈေးတက်တာ၊ ကျတာ မရှိအောင် ဆောင်ရွက်ပေးတဲ့ သဘောပါပဲ’’ ဟုဆင်ဟွာကို မေ ၂၂ ရက်တွင် ပြောသည်။

ကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဗဟိုဘဏ်က ဒေါ်လာကို အခုလိုဝယ်တာကောင်းပါတယ်။ ငွေဈေးကွက် ကို ထိန်းကျောင်းပေးတဲ့ သဘောပါပဲ ဟုဆင်ဟွာသို့ပြောသည်။

မေ ၂၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်း ကို နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့်ဝယ်ယူခဲ့ကာ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ  တစ်ဒေါ်လာလျှင် ၁၄၀၇ဒသမ ၄ ကျပ်ဖြစ်ကြောင်း၊ မေ ၂၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁ဒသမ၅ သန်းကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကာ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ  တစ်ဒေါ်လာလျှင် ၁၄၀၆ ဒသမ ၈ ကျပ်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ ကိုစိုင်း က “ဗဟိုဘဏ်က ဝယ်ပေးတဲ့ အတွက် အကျ ကို ထိန်းပေးတဲ့ သဘောဖြစ်သွားတယ်။ အမေရိကန်ဒေါ်လာ ဈေးက ၁၄၀၀ ဝန်းကျင်မှာပဲ အတက်အကျဖြစ်နိုင်မယ် လို့ ခန့်မှန်းရပါတယ်’’ ဟုပြောသည်။

မေ ၂၂ ရက် တွင် ပြင်ပ ငွေလဲစင်တာတစ်ချို့ တွင် အမေရိကန်တစ်ဒေါ်လာ ကို မြန်မာငွေ ၁၄၀၈ ကျပ်ပေါက်ဈေးရှိသည်။  (Xinhua)