Connect with us

Local

အွန်လိုင်း ရောင်းဝယ်ရေးဆိုင်ရာ လမ်းညွှန်တစ်ခု ပေါ်ပေါက်ရန် စီး/ကူး ဝန်ကြီးဌာန ဆောင်ရွက်နေပြီဟု ဆို

၂၀၁၉ သြဂုတ်လ ကုန်ဈေးနှုန်းဆိုင်ရာ အစည်းအဝေး၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အင်တာနက်မှ တစ်ဆင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ထွန်းကားစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Digital Economy Association နှင့် E-commerce Association တို့ကို ဖွဲ့စည်းရာတွင် အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက Cyber Security ဥပဒေများ ပြဌာန်းရန် ကြိုးပမ်း နေချိန်တွင် စီး/ကူး ဝန်ကြီးဌာန အနေဖြင့်  E-commerce လုပ်ငန်းများအား အထောက် အကူ ပြုမည့် E-commerce Guide Line တစ်ခု ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ ပြောကြားခဲ့သည်။

“မိုဘိုင်းသုံးစွဲမှု တစ်ရာ ရာခိုင်နှုန်း ကျော်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံဟာ E-commerce လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ဖို့ အချိန်အခါကောင်း ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခွင့်အခါကို ယူပြီး ယခုညီလာခံကျင်းပခြင်းဖြစ်ပါတယ်။ ဒီညီလာခံကျင်းပရခြင်းရဲ့ အရေးကြီးဆုံး နောက် တစ်ချက်ကတော့ နိုင်ငံတော်အစိုးရရဲ့ E-commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံရေး စိတ်အားထက်သန်မှုကို မကြာသေးမီက ထုတ်ဖော်ပြသ နေခြင်းဖြစ်ပါတယ်။ COVID-19  ကနေ ကယ်တင်ဖို့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ စီမံကိန်းမှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကို အဓိက တာဝန်ပေးတဲ့ လုပ်ငန်း သုံးခု ရှိခဲ့ပါတယ်။ ဒါတွေကတော့ ကုန်သွယ် မှု ချောမွေ့လွယ်ကူစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ဈေးနှုန်းတည်ငြိမ်ရေးနဲ့ အရေးပေါ်ရိက္ခာ ထောက်ပံ့ရေးအပြင် အရေးကြီးဆုံးအချက်ကတော့ အင်တာနက်မှ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများကို တိုးတက်စေရေးဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ယနေ့ ပြုလုပ်ခဲ့သည့် E-commerce Virtual Conference တွင် ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ခြင်းဖြစ်ပြီး-  မြန်မာနိုင်ငံမှာ အင်တာ နက်၊ ဖေ့ဘွတ်များမှ ဈေးရောင်းခြင်းဖြစ်ပေါ်ခဲ့တာ အချိန်ကြာခဲ့ပြီ ဖြစ်ပြီး အရှိတရားတစ်ခုဟူ၍ ဆိုနိုင်ကြောင်း၊ သို့ရာတွင် အင်တာနက်က တစ်ဆင့် ကူးသန်းရောင်းဝယ်မှုမှာ တရားဝင် ရပ်တည် ခြင်း မရှိဘဲ informal sector မှာသာ ရှိနေခဲ့ကြောင်း၊ ယခုအချိန်တွင် အင်တာနက်မှ တစ်ဆင့် ကူးသန်းရောင်းဝယ်ခြင်းသည် formal sector မှာရော informal sector မှာပါ ဖြစ်ပေါ်လာ ကြောင်း၊ စည်းကမ်းစနစ်ကျသော အင်တာနက်မှတစ်ဆင့် ကူးသန်းရောင်းဝယ်မှု များ ဖြစ်ပေါ်ရေး မှာ  စီး/ကူး ဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO:_ World Trade Organization) နှင့်  ကုလ သမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အဖွဲ့အစည်းများ၏ ဆွေးနွေးမှုများမှာ ပါဝင်ခဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုး  တိုးတက်မှုများအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ အင်တာနက်မှတစ်ဆင့် ကူးသန်း ရောင်းဝယ်မှု အဆင်သင့်ဖြစ်မှု စစ်တမ်း တစ်ခုကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်တမ်းရလဒ် များကို ဆက်လက်အကောင်အထည် ဖော်ရန်လည်း ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံမှာ E-commerce လုပ်ငန်းများ ထွန်းကာလာမှုသည် စီးပွားရေး လုပ်ငန်းအချင်းချင်း ဆက်သွယ် ဆောင်ရွက်မှု၊ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူ အချင်းချင်း ဆက်သွယ် ဆောင်ရွက်မှု၊ စားသုံးသူများ အချင်းချင်း ဆက်သွယ် ဆောင်ရွက်မှု၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှု၊ အသေးစား၊ အငယ် စား၊ အလတ်စား လုပ်ငန်းများနှင့် ကမ္ဘာ့ဈေးကွက်တို့အကြား ဆက်စပ်ဆောင်ရွက်မှု၊ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှု၊ တောင်သူ လယ်သမား  နှင့် စားသုံးသူများ ချိတ်ဆက်ဆောင်ရွက်မှု တို့ကို ဖြစ်ပေါ်စေပြီး မြန်မာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးစေနိုင်မှာ ဖြစ်ကြောင်းလည်း အဆိုပါ E-commerce Virtual Conference  ၌ ဒုတိယ ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.