Connect with us

Local

ဆန်တင်ပို့မှု အစီအစဉ်သစ်အား ကျင့်သုံးရန်ရှိ

ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံခြားသို့တင်ပို့မည် ဆန်အိတ်များ (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြည်ပသို့ ဆန်တင်ပို့ရန် ပို့ကုန်လိုင်စင် ပြန်လည်ထုတ်ပေးပါက ပင်လယ်ရေကြောင်းအတွက် ပို့ကုန်လိုင်စင် ထုတ်ပေးခြင်း၊ နယ်စပ် ကုန်သွယ်မှု အတွက် ပို့ကုန်လိုင်စင် ထုတ်ပေးခြင်းကို အစီအစဉ်သစ်ဖြင့် ဆောင်ရွက်သွား ရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

အဆိုပါ အစီအစဉ်သစ်သည် နယ်စပ် ကုန်သွယ်ရေး အတွက်၎င်း၊ ပုံမှန်ကုန်သွယ်ရေး အတွက်၎င်း အကျုံးဝင်မည်ဖြစ်ပြီး၊ အရန်ဆန် ထားရှိခြင်း လိုင်စင်ကို နေပြည်တော်တွင်သာ ထုတ်ပေးမည် ဖြစ်ကြောင်း၊ အစီအစဉ်သစ်အား စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် စဉ်းစားသုံးသပ် ဆောင်ရွက်နေဆဲသာ ဖြစ်ကြောင်း အစီအစဉ်သစ်အား ခွင့်ပြုခြင်းနှင့် ပက်သက်၍ တရားဝင် အကြောင်းကြားချက် ရရှိပါက အသင်းချုပ်အနေဖြင့် တရားဝင် သတင်း ထုတ်ပြန်မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရေဘေးပြဿနာအားရင်ဆိုင်ရသည့် အတွက် ပြည်ပသို့ ဆန်တင်ပို့မှု ခေတ္တရပ်နားထားခြင်းအပေါ် ပြည်ပသို့ ပြန်လည် တင်ပို့ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှ စီးပွါးရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ အကြံပြုထားချက်နှင့် ပတ်သက်၍လည်း စဉ်းစား သုံးသပ်နေသည့် အနေအထားတွင်သာ ရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူက “ မြန်မာနိုင်ငံမှာ ရေဘေး ဖြစ်သွားတယ်။ ဆန်တင်ပို့ဖို့ ခွင့်ပြုတယ်ဆိုပြီး အမျိုးမျိုး ပြောဆိုနေကြတာတွေ ရှိတယ်။ တကယ်ကတော့ စီးပွားရေး နဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့လည်း စိစစ်ဆဲ အနေအထားမှာပဲ ရှိသေးတယ်” ဟုဆင်ဟွာကို ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117