Connect with us

Local

မြန်မာ့ကျောက်မျက်ရိုင်းများ နှင့် အသားကျောက်များ ကျပ်ငွေ ဖြင့် ပြသရောင်းချပွဲတွင် ကျောက်မျက်ရိုင်းအတွဲ ၇၅ တွဲ ၊ ကျောက်စိမ်းအသား ကျောက်အတွဲ ၅၅၃၁ တွဲ ရောင်းချခဲ့ရ

၅၂ ကြိမ်မြောက် ကျောက်မျက် ရတနာ ပြပွဲတွင် ပြသထားသော ကျောက်စိမ်းတုံးများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့ကျောက်မျက်ရိုင်းများ နှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေ ဖြင့် ပြသရောင်းချပွဲတွင် ကျောက်မျက်ရိုင်းအတွဲ ၇၅ တွဲ ၊ ကျောက်စိမ်း အသား ကျောက်အတွဲ ၅၅၃၁ တွဲ ရောင်းချခဲ့ရပြီး စုစုပေါင်း ၈၀၈၄၁. ၈၄ တန်ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။

ပြသရောင်းချပွဲကို ဒီဇင်ဘာ ၇ ရက်မှ ယနေ့ဒီဇင်ဘာ ၁၃ ရက် ထိ နေပြည်တော် ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်ခဲ့ပြီး ပြပွဲရက်များ အတွင်း ကျောက်မျက်ရိုင်းအတွဲ ၁၅၂ တွဲ ပြသခဲ့ပြီး ၇၅ တွဲ ရောင်း ချခဲ့ရာမှ စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သန်း ၁၆၉၀. ၃၄ သန်းဖြစ်ပြီး ကျောက်စိမ်းအသား ကျောက်အတွဲ ၆၈၂၆ တွဲ ပြသခဲ့ရာ ၅၅၃၁ တွဲ ရောင်းချ ခဲ့ရပြီး စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သန်း ၇၉၁၅၁.၅၀ သန်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေ ဖြင့် ပြသရောင်းချပွဲသို့ရတနာ ကုန် သည် ၁၇၃၃ ဦး တက်ရောက်ခဲ့ပြီး ယနေ့တွင် ယခင်ပြပွဲနေ့များ က ကျောက်စိမ်း အတွဲများ ရောင်းချရာတွင် ညှိနှိုင်း ဖြေရှင်းရန် လိုအပ်သည့် အတွဲ များကို အသိပေးကြေညာခြင်းနှင့် သဘာပတိ အဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117