Connect with us

Local

ဗဟိုဘဏ်မှ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများအား မကြာမီဆောင်ရွက်ရန်ရှိ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်‌ဆောင်မှုလုပ်ငန်း ( Merchant Acquiring) များ၏ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို အများပြည်သူသို့ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်‌ဆောင်မှုလုပ်ငန်း ( Merchant Acquiring) များ၏ MMQR ဖြင့် ဘဏ်များ၊ မိုဘိုင်း ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်မည့် Real Time Retail Payment Network ကို မကြာမီအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

“တစ်ဖက်တွင်လည်း Payment Instrument များ၊ Payment Channel များ ပိုမိုတိုးတက် များပြားလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း ဘဏ်များအား မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းပေးလုပ်ငန်းတို့ကို ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ အဖွဲ့အစည်း အချို့ကို Transporation Card၊ Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း’’ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

လက်ရှိတွင်ဖော် ဆောင်လျက်ရှိသည့် ဒစ်ဂျစ်တယ်စီးပွားရေးသို့ အသွင်ကူးပြောင်းရေးအတွက် အထောက်အကူ ဖြစ် စေရန် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေပေးချေမှုဆိုင်ရာ အခြေခံ အဆောက် အအုံအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် RTGS System နှင့် Retail Payment အတွက် ACH အပြင် Card Payment များအတွက် MPU Switch တို့ကိုတည်ထောင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမျိုးသားငွေပေးချေမှုစနစ်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ချမှတ်ခဲ့ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမှီသည့် နေရာ၊ ကဏ္ဍများအထိ ရယူအသုံးပြုနိုင်ရန်နှင့် ဘဏ်များနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်များအထိ ဘဏ်များ ၏ Network ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ရန်အတွက် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်း ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ (၇/၂၀၂၀)အရ ဘဏ်မဟုတ်သောကုမ္ပဏီများဖြစ်သည့် Merchant Acquiring လုပ်ငန်းဆောင်ရွက်မည့် Nature Link Travel and Tours Co.,Ltd (Brand Name-Trusty) ၊ Internet Wallet Myanmar Co.,Ltd (Brand Name-OK$) ၊ Zego Pay Co.,Ltd (Brand Name-Zego) နှင့် Unipay Co.,Ltd (Brand Name – Unipay)စသည့် ကုမ္ပဏီ (၄) ခုအား ခွင့်ပြုပေးပြီး ဘဏ်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ပါကြောင်း၊ Acquirer များ အနေဖြင့် ငွေပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် MMQR Standard နှင့်အညီ QR ဖြင့် ငွေပေးချေနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်‌ဆောင် မှုလုပ်ငန်း (Merchant Acquiring) များ၏ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို အများပြည်သူသို့ မိတ်ဆက်ခြင်း အခမ်းအနားအား မတ်လ ၄ ရက် မွန်းလွဲ (၂:၀၀)နာရီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center ၌ Video Conferencing ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)