Connect with us

Local

ထိုင်း PTT နှင့် Brighter Energy တို့ ပူးပေါင်း၍ ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည် သိုလှောင်ကန်များ ၂၀၂၁ ခုနှစ်အပြီး တည်ဆောက်မည်

PTT Oil and Retail Business Public Company Limited နှင့် Brighter Energy Retail Company Limited တို့၏ ဆီသိုလှောင်ကန်နှင့် စက်သုံး ဆီ လက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်း အကြီးဆုံးဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည် သိုလှောင်ကန်ကို ၂၀၂၁ ခုနှစ်အပြီး တည်ဆောက်မည်ဖြစ်ကြောင်း PTT Oil and Retail Business Public Company Limited နှင့် ကမ္ဘောဇအုပ်စုဝင် ကုမ္ပဏီဖြစ်သည့် Brighter Energy Retail Company Limited တို့၏ ဆီသိုလှောင်ကန်နှင့် စက်သုံးဆီ လက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်းအနားထံမှ သိရသည်။

အဆိုပါ ဆီသိုလှောင်ကန်များ တည်ဆောက်ပြီး စက်သုံးဆီများ လက်လီ ရောင်းချမည့် PTT Station စက်သုံးဆီ ဆိုင်ပေါင်း ၇၀ ကို ၂၀၂၃ ခုနှစ်မတိုင်မီ နိုင်ငံအနှံ့အပြားတွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ယင်း PTT Station စက်သုံးဆီဆိုင်များ တွင် Cafe Amazon ကော်ဖီဆိုင်၊ မီနီမတ်၊ ကားအင်ဂျင်ဝိုင်ဆားဗစ်၊ ငွေလဲကောင်တာနှင့် အများပြည်သူနားနေခန်း စသည့်နိုင်ငံ တကာအဆင့်မီ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွား တိုးတက်လာစေရန် ဒေသခံ SME လုပ်ငန်းများဖြင့်လည်း ပူးပေါင်း လက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

PTT Oil and Retail Business Public Company Limited နှင့် ကမ္ဘောဇအုပ်စုဝင် ကုမ္ပဏီဖြစ်သည့် Brighter Energy Retail Company Limited တို့၏ မြန်မာနိုင်ငံအတွင်း ဆီသိုလှောင်ကန်နှင့် စက်သုံး ဆီ လက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်းအနားကို ဇွန် ၉ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ Lotte Hotel Crystal Ballroom ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆီသိုလှောင်ကန် လုပ်ငန်းအကျိုးတူ ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇအုပ်စု ဝင် ကုမ္ပဏီဖြစ်သော Brighter Energy Company Limited နှင့် PTTOR တို့ သဘောတူ လက်မှတ်ရေးထိုးကြပြီး စက်သုံးဆီ လက်လီဆိုင်များ ဆောင်ရွက်သွားရန် အတွက် PTTOR နှင့် Brighter Energy Company Limited သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.