Connect with us

Business

မေလတွင် ရန်ကုန်စတော့ခ်အိတ်ချိန်းမှ ငွေကျပ် ၃၁၄ သန်းတန်ဖိုးရှိ အစုရှယ်ယာ ၅၅,၀၂၄ စောင်ရောင်းချနိုင်ခဲ့

ရန်ကုန်စတော့ခ်အိတ်ချိန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် မေလ တွင် ရန်ကုန်စတော့ခ် အိတ်ချိန်းမှ ငွေကျပ် ၃၁၄ သန်းတန်ဖိုးရှိသော အစုရှယ်ယာ ၅၅,၀၂၄ စောင် ရောင်းချနိုင်ခဲ့ကြောင်း ရန်ကုန်စတော့ခ်အိတ်ချိန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်စတော့ခ်အိတ်ချိန်းဈေးကွက်တွင် First Myanmar Investment Public Co.,Ltd (FMI)၊ Myanmar Thilawa SEZ Holdings Public Co. Ltd. (MTSH) ၊ Myanmar Citizens Bank Ltd. (MCB) ၊ First Private Bank Ltd. (FPB)၊ TMH Telecom Public Co., Ltd. (TMH) Ever Flow River Group Public Co., Ltd. (EFR) နှင့် Amata Holding Public Co., Ltd. (AMATA) တို့ဖြစ်သော အများပိုင်ကုမ္ပဏီ ၇ ခုမှ အစုရှယ်ယာများအား အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ရဲ့ ရန်ကုန်စတော့ခ်အိတ်ချိန်းအနေနဲ့ နိုင်ငံတကာမှာရှိတဲ့ တခြားစတော့ခ်အိတ်ချိန်းတွေလိုပဲ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေက လိုအပ်နေတဲ့ ကာလရှည်ငွေကြေး အရင်းအနှီးတွေကို အစုရှယ်ယာတွေထုတ်ဝေရောင်းချပြီး ရှာဖွေစုစည်းပေးနိုင်တဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ အများပြည်သူတွေအနေနဲ့လည်း စာရင်းဝင်ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ဒီလိုဆောင်ရွက်ပေးတဲ့နေရာမှာ ဈေးကွက်အတွင်း ဖြစ်ပေါ်လာတဲ့ ဝယ်လိုအား ရောင်းလိုအားပေါ်မှုတည်ပြီး အစုရှယ်ယာတွေအတွက်မျှတတဲ့ဈေးနူန်းတွေဖြစ်အောင်ဆောင်ရွက်ပေးတာပါ။’’ ဟု ရန်ကုန်စတော့ခ်အိတ်ချိန်းမှ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဆင်ဟွာသို့ ယနေ့ ဇွန် ၂၅ ရက်တွင် ပြောသည်။

အများပိုင်ကုမ္ပဏီများဖြစ်သော FMI ကုမ္ပဏီမှ ငွေကျပ် ၈၀.၀၁ သန်းတန်ဖိုးရှိသော အစုရှယ်ယာ ၁၀,၄၇၆စောင်၊ MTSH ကုမ္ပဏီမှ ငွေကျပ် ၇၈.၄၇ သန်းတန်ဖိုးရှိသော အစုရှယ်ယာ ၂၉,၈၄၈ စောင်၊ MCB ကုမ္ပဏီ မှ ငွေကျပ် ၈.၆၁ သန်း တန်ဖိုးရှိသော အစုရှယ်ယာ ၁၁၀၄ စောင်၊ FPB ကုမ္ပဏီမှ ငွေကျပ် ၁၂၀.၈၄ သန်း တန်ဖိုးရှိသော အစုရှယ်ယာ ၆၈၄၇ စောင် ၊ TMH ကုမ္ပဏီမှ ငွေကျပ် ၅.၂၂ သန်း တန်ဖိုးရှိသော အစုရှယ်ယာ ၂၀၃၅ စောင်၊ EFR ကုမ္ပဏီ မှ ငွေကျပ် ၂.၃၈ သန်း တန်ဖိုးရှိေသာ အစုရှယ်ယာ ၉၅၈ စောင် ၊ AMATA ကုမ္ပဏီ မှ ငွေကျပ် ၁၈.၄၇ သန်း တန်ဖိုးရှိေသာ အစုရှယ်ယာ ၃၇၅၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့ခ်အိတ်ချိန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)